လူထုခေတ်

@luhtukhitnews


လူထုခေတ်

22 Oct, 01:56


YRA-ထီးလင်းကို MOD မှလက်နက်တပ်ဆင်

အောက်တိုဘာ၊၂၂၊၂၀၂၄
လူထုခေတ်

Yaw Revolution Army-ထီးလင်း ၏တပ်ရင်းများ ခရိုင်ကွပ်ကဲမှု လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သော လက်နက်ခဲယမ်းများအား NUG၊ကာကွယ်ရေးဝန်ကြီးနမှတပ်ဆင်ပေးခဲ့ကြောင်းသိရသည်။

လူထုခေတ်

21 Oct, 04:00


အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ရက်ရှည်စစ်ရှောင်များကို ထမင်း ၃၈၈နပ်မြောက် လှူဒါန်း

အောက်တိုဘာ၊ ၂၁၊ ၂၀၂၄။
လူထုခေတ်

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ရက်ရှည်စစ်ရှောင်စခန်း ၃ နေရာအား အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်း၁နပ်ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၀ရက်နေ့သည် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ရက်ရှည်စစ်ရှောင်စခန်းများကို ထမင်းကျွေးနေသည်မှာ ၃၈၈နပ်မြောက်ပြည့်မြောက်ပြီဖြစ်ကြောင်းလည်းသိရသည်။

#စစ်ကိုင်း #ဆားလင်းကြီး #အညာပစ်တိုင်းထောင်လေးများ #စစ်ဘေးရှောင် #လှူဒါန်း