Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

@kizunao


Aim at Japanese knowledge Sharing 🇯🇵
Non-professional BUT Still learning

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

14 Aug, 17:11


ဒီနေ့ ことわざ ရက် ၃၀ challenge လေးပြီးသွားပါပြီ။ အဆုံးထိလိုက်ပါပေးတဲ့ မိနစံတို့ ပင်ပန်းသွားကြပြီ N1 ရဲ့ စကားပုံ တစ်ချို့ကို သိသွားကြပါပြီ မိနစံက 💜
မကျက်ရသေးတဲ့သူတွေကလည်း pin ထောက်ပြီး တစ်ခုချင်းစီ မှတ်သွားပါ‌နော်
နောက်နေ့တွေမှာ ဘယ်လိုအကြောင်းရာတွေ တင်ပေးစေချင်တယ်ဆိုပြီး ကိုယ်သိချင်တဲ့ဟာလေးတွေကို comment မှာ မန့်ခဲ့‌လို့ရပါတယ် 🥰

おやすみなさい
みんな🌌

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

14 Aug, 17:00


🎌 ဂျပန် to ဂျပန် ရှင်းပြချက်လေးတွေနဲ့ အဓိကမှတ်ပေးပါ မိန

1.胸に刻む(むねにきざむ) / 心に刻む(こころにきざむ)=ရင်ထဲစွဲနေအောင်မှတ်ထားသည်

胸(むね) = ရင်ဘတ်
心(こころ) = နှလုံးသား
刻む(きざむ) =ထွင်းထုသည်

意味-しっかりと記憶にとどめて、忘れまいとする。

今日の 悔しい思い(くやしいおもい)を、しっかりと胸に刻んだ。
ဒီနေ့မခံချိမခံသာဖြစ်သွားတဲ့ခံစားချက်ကို သေချာလေးမှတ်ထားသည်။

胸にきざむ နဲ့ တူတဲ့စကားပုံလေးတစ်ခုရှိပါတယ် ။ မိနစံတို့သိပြီးသားပါဘယ်စကားပုံပါလိမ့် comment မှာ ဖြေပေးသွား‌ပါနော် 🤔

2.胸をなでおろす = စိတ်အေးသွားသည်

မိနစံ ဒါလေးရော ဘယ်စကားပုံနဲ့ တူတာပါလိမ့်နော် 🤔

意味-心配することが終わったりなくなったりして、ほっとする。

やっと娘の就職(しゅうしょく)が決まって胸をなで下ろしました。
နောက်ဆုံးတော့ သမီးလေးရဲ့ အလုပ်ကသတ်မှတ်ပြီးတဲ့အတွက် စိတ်အေးသွားသည်။

3.胸を張る(むねをはる) = ယုံကြည်ချက်ရှိသွားသည်

意味-自信を持って 得意になる

優勝(ゆうしょう)したので胸を張って帰ることができます
အနိုင်ရခဲ့တဲ့အတွက် ယုံကြည်ချက်ရှိရှိနဲ့ အိမ်ပြန်နိုင်ခဲ့တယ်။

4.胸騒ぎ(むなさわぎ)=စိတ်လေးသည်

騒ぎ(さわぎ) = ဆူညံခြင်း

ရင်ဘတ်ကြီးတစ်ခုလုံး ဆူပွတ်လောရိုက်နေတာဆိုတော့ စိတ်လေးတာပါ။

意味-よくないことが起こるような感じがして心が穏やかでないこと。

胸騒ぎがしたので、 母に電話をかけた。
မကောင်းတာတစ်ခုခုဖြစ်မယ်ဆိုတဲ့ စိတ်မျိုးဖြစ်နေတဲ့အတွက် အမေ့ဆီကိုဖုန်းဆက်ခဲ့တယ်။

お疲れ様💚

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

13 Aug, 14:50


1.腹を決める(はらをきめる) = အခိုင်အမာဆုံးဖြတ်သည်

အလွယ်မှတ်မိဖို့ ဗိုက်(はら) ဆာလို့ မတွေဝေဘဲ ဟော့ပေါ့စားဖို့ ဆုံးဖြတ်လိုက်တယ်(決める)

意味-こうするしかないと、固く決心する。

ついに 社長も腹を決めたようだ。
နောက်ဆုံးမှာ သူဌေးလည်း အခိုင်မာဆုံးဖြတ်လိုက်တဲ့ပုံပဲ။

2.腹を割る(はらをわる) = စိတ်ရင်းအတိုင်းအမှန်ကို ဖွင့်ဟပြောသည်

အလွယ်မှတ်ချင်ရင် ဗိုက်ကြီးကိုခွဲပြီး စိတ်ရင်းအတိုင်းပြောတော့မယ်။

意味-本当の気持ち。考えを話す。

腹を割って話し合おう。
စိတ်ရင်းအတိုင်း ပြောဆိုကြရအောင်။

お疲れ様💚

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

12 Aug, 15:20


1.肩を持つ(かたをもつ) = သူ့ဘက်လိုက်သည်၊သူ့ဘက်ပါသည်

ပုခုံးလေးကို သူ့ဘက်ရွေ့လိုက်တဲ့အတွက် ဘက်လိုက်တာကို ပြောတာပါ။

意味-片方の見方をする。

肩を持つつもりはないけど,彼の言っていることは正しいよ。
ဘက်လိုက်ဖို့ စိတ်ကူးမရှိပေမဲ့ သူပြောတာက မှန်တယ်လေ။

2.肩の荷が下りる(かたのにがおりる) = စိတ်ပေါ့ပါးသွားသည်

ပုခုံးပေါ်က အထုပ်ကြီးကျသွားတော့ စိတ်ပေါ့ပါးသွားတာပေါ့။

意味-責任などから解放されて、安心する。 楽になる

やっと スピーチも終わって肩の荷が下りた。
နောက်ဆုံး speech လည်းပြီးသွားတော့ စိတ်ပေါ့ပါးသွားပြီ။

お疲れ様💚

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

11 Aug, 15:52


1.首を傾げる(くびをかしげる)=မရှင်းသလိုဖြစ်သည်၊နားမလည်သလိုဖြစ်သည်၊သံသယ၀င်သည်

傾げる = တိမ်းစောင်းသည်
နားမလည်တဲ့အခါမှာ ခေါင်းကိုတစ်ဖက်စောင်းသလို ပုံစံမျိုးဖြစ်တာကြောင့် ဘာသာပြန်အတိုင်းမှတ်ရုံပါပဲ

意味-疑問に思う。

不思議そうに、彼女は首をかしげた。
ထူးဆန်းတဲ့ပုံစံမျိုးနဲ့ သူမကနားမလည်သလိုဖြစ်ခဲ့တယ်။

2.首を横に振る(くびをよこにふる) =သဘောမတူ၊ငြင်းဆန်သည်

လည်ပင်းလေးကို ဘေးနှစ်ဖက်ရမ်းလိုက်တဲ့ပုံစံလေးက ငြင်းတယ်ဆိုတဲ့အတွက် ဘာသာပြန်လေးအတိုင်းမှတ်ရုံပါပဲ။ 聴解မှာ ပါတတ်လို့သေချာလေမှတ်ထားပါ။ သူ့ရဲ့ဆန့်ကျင်ဘက်က首を縦に振る(くびをたてにふる)ပါ။ လည်ပင်းလေးကို ဒေါင်လိုက်‌ရွှေ့တော့ သဘောတူသည် ဆိုတဲ့အဓိပ္ပာယ်ပါ။

意味-賛成しない 納得できない。広く 否定の意味を表す。

空いてる席がないか、 彼が見に行ったけどすぐに首を横に振った。
လွတ်နေတဲ့ထိုင်ခုံရှိလားဆိုပြီး သူကသွားကြည့်ခဲ့ပေမယ့်ချက်ချင်းပဲငြင်းခဲ့သည်။

3.首を突っ込む(くびをつっこむ) = စိတ်၀င်တစားလုပ်ဆောင်သည်/၀င်ပါသည်

突っ込む = တစ်ခုခုထဲကိုအရှိန်နဲ့ထည့်သည်
လည်ပင်းလေးကို အရှိန်နဲ့လာထည့်တော့ မဆိုင်တဲ့ကိစ္စမှာ၀င်ပါသည်ဆိုတဲ့ マイナスအဓိပ္ပါယ်ရှိသလို စိတ်၀င်တစားလုပ်ဆောင်သည် ဆိုတဲ့ プラス အဓိပ္ပါယ်လည်းရှိပါတယ်။

意味-関心を持ち、その話や出来事に関係する。

彼はどんな話にでも首を突っ込もうとする。
သူကဘာအကြောင်းပဲဖြစ်ဖြစ် စိတ်၀င်တစားလုပ်ဆောင်ဖို့လုပ်တယ်။

お疲れ様💚

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

11 Aug, 07:34


New Video💚
"てるてる坊主"について知りたい方以下のリンクをクリックしてご覧ください

https://youtu.be/OkZH5Yjs7hU?si=Rscsz7PaWDvckGSv

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

10 Aug, 15:55


1.口が重い = စကားသိပ်မပြောသော၊စကားပြောဖို့၀န်လေးသော

ပါးစပ်က လေးတယ်ဆိုမှတော့ စကားပြောဖို့၀န်လေးသွားတာ

意味-あまり話さない、 話そうとしない。

彼は、その話になると口が重くなる。
သူက အဲ့အကြောင်းရောက်လာရင် စကားသိပ်မပြောတော့ဘူး။

2.口が滑る(くちがすべる) = နှုတ်မလုံခြင်း

တမင်မရည်ရွယ်ဘဲ ပြောထွက်တာတို့၊ လျှို့ဝှက်ချက်ကို မရည်ရွယ်ဘဲ ပြောထွက်သွားတဲ့အခါမျိုးမှာ သုံးပါတယ်။
つい = အမှတ်မထင်
つい နဲ့ အတူတူသုံးလေ့ရှိပါတယ်။ 

意味-不注意で言ってはいけないことを言う。

つい口が滑って、 原さん(はらさん)が結婚することを言ってしまった。
အမှတ်မထင် ဟရဆန်လက်ထက်မှာကိုပြောထွက်သွားတယ်။

3.口を挟む(はさむ) = ၀င်ပြောသည်၊၀င်ပါသည်

ပါးစပ်ကလေး ကြားညှပ်လိုက်တာဆိုတော့ ၀င်ပြောတာ။口を挟むလုပ်တာက တစ်ဖက်သူကို စိတ်မသက်မသာဖြစ်စေလို့ သတိထားပါ။
意味-人の会話に横から入ってきて 何か言う。

田中さんは関係ないのに、すぐ口を挟んでくる。
တနကဆန် ကမဆိုင်ဘဲနဲ့ ချက်ချင်း ကြားဖြတ်ပြောတာ။

4.口が悪い = အပေါက်ဆိုးတာ

ဘာသာပြန်နဲ့ မှန်းလို့ရပါတယ်။တဖက်သူစိတ်ထိခိုက်စေမဲ့ စကားတွေလွယ်လွယ်လေးနဲ့ပြောတာကြောင့် ရိုင်းတဲ့ပုံရိပ်ဖြစ်စေပါတယ်။

意味-言い方や 話す内容が粗い。人が嫌がるようなことを平気で言う。

彼は口が悪いからドキドキ きついことを言うけど、いい人ですよ。
သူက ‌အပေါက်ဆိုးတော့ တခါတလေ ကြမ်းကြမ်းတမ်းတမ်းပြောပေမဲ့လူကောင်းပါ။

お疲れ様💜

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

09 Aug, 14:48


1.息が合う(いきがあう)

အသက်ရှုတာတောင် တူညီလောက်တဲ့အထိကို အားကစားပြိုင်‌‌ပွဲမှာ အဖွဲ့သားတွေက စည်းလုံးကြတယ်မလား မိန။ ဒါကြောင့် တက်ညီလက်ညီ၊စိတ်တူကိုယ်တူကို "息が合う" လို့ပြောပါတယ်။

意味-何人かで 一つのことをするときに、気持ちや動きがよく合う。

例文

二人の息のあった見事な(みごとな)踊りに、大きな拍手(はくしゅ)が贈られた(おくられた)。
နှစ်ယောက်သားရဲ့ စည်းလုံးညီညွတ်စွာလုပ်ဆောင်နေတဲ့ စွဲမက်ဖွယ်ကောင်းတဲ့အကမှာသောင်းသောင်းဖြားဖြားလက်ခုပ်တီးအားပေးခဲ့ကြတယ်။

2.息が詰まる(いきがつまる)

တစ်ခုခုကြောင့် စိတ်လှုပ်ရှားတာ ၊ ကြောက်တာ ၊ စိတ်မတည်မငြိမ်ဖြစ်တာ‌တွေကြောင့် အသက်ရှုရတာ တောင် မွန်းကြပ်တဲ့အချိန်‌တွေရှိတယ်မလားမိန။( ဥပမာ - JLPT ဖြေ‌မဲ့မနက်ဆို )
မွန်းကြပ်သည်၊အသက်ရှုကြပ်တာကို "息が詰まる" လို့ပြောပါတယ်။

意味-緊張やがまんの状態が続いて、息が苦しくなる。

今朝の会議(かいぎ)は重いテーマで、しかも社長も同席(どうせき)したから息が詰まりそうになった。
ဒီမနက် အစည်းဝေးက အရေးကြီးတဲ့ခေါင်းစဉ်နဲ့ ဒါ့အပြင် သူဌေးနဲ့ အတူတူထိုင်ခဲ့ရတာကြောင့် အသက်ရှုရခက်သလိုကို ဖြစ်ခဲ့တယ်။

お疲れ様💜

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

08 Aug, 14:22


1.鼻が高い

မိနစံတို့ တစ်ခုခုနဲ့ ပတ်သက်ပြီး ဂုဏ်ယူ၀င့်ကြွားတဲ့အခါ နှာခေါင်းလေးက မြင့်တက်နေတဲ့ပုံလေးကို မြင်ယောင်ကြည့်ပါ။ဟဲဟဲ ငါကွ Kizuna ဆိုပြီး(ဥပမာပြောတာ)😁။ ဂုဏ်ယူ၀င့်ကြွားတာကို 鼻が高い(はながたかい) လို့ပြောပါတယ်။ positive အဓိပ္ပာယ်နဲ့ သုံးတာများပါတယ်။ negative ပုံစံနဲ့သုံးတဲ့နောက်တစ်ခုရှိသေးတာကြောင့် သေချာလေးမှတ်ထားပါ။

意味-誇らしく 自慢に思う

子供があんなに優秀だったら、親はさぞかし 鼻が高いだろう。
ကလေးက အဲ့လောက်တော်နေရင် မိဘကသေချာပေါက် ဂုဏ်ယူဝင့်ကြွားလိမ့်မယ်။

2.鼻にかける

တစ်ဖက်သားထက်တော်တာကို ကြွားသည်၊လေလုံးထွားသည်ကို negative အနေနဲ့ကြ 鼻にかける လို့ ပြောပါတယ်။

意味-相手よりも優れていることを自慢し、 嫌な思いにさせる 。

例文

確かにきれいだけど、それを鼻にかけたところがあって、あまり好きじゃない。
သေချာပေါက် လှတယ်ဆိုပေမဲ့ အဲ့ဒါကိုကြွားလေ့ရှိတာကြောင့် သိပ်ပြီးတော့ မကြိုက်ဘူး။

お疲れ様💜

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

07 Aug, 14:52


1.頭を抱える

မိနစံတို့ တစ်ခုခုကိုစဉ်းစားလို့ အကြပ်ရိုက်တဲ့အခါ လက်နှစ်ဖက်ကို ခေါင်းပေါ်တင်တဲ့ပုံစံလေးကို ‌ပုံဖော်ကြည့်ပါ။ အဲ့လို ခေါင်းခဲတာ၊ ခေါင်းစားတာကို ဂျပန်လို 頭を抱える(あたまをかかえる) လို့ပြောပါတယ်။ပိုနားလည်အောင် ဂျပန်လိုရှင်းပြချက်လေးပါ ဖတ်ပါနော်။

意味-問題の解決方法が思い浮かばす、 困る。

例文

どうしたらいいのか、頭を抱えているところです。
ဘယ်လိုလုပ်ရင်ကောင်းမလဲ ခေါင်းစားနေတယ်။

---------------------------------------------------

2.頭を冷やす(あたまをひやす)

ဒါလေးက ဘာသာပြန်နဲ့ မှန်းလို့ရပါတယ်။ခေါင်းကိုအအေးခံသည် ဆိုတော့ "ခေါင်းအေးအေးထားသည်" ကိုပြောတာပါ။ စိတ်လှုပ်ရှားတာတို့ ၊ ဒေါသထွက်တဲ့အခါမှာဆို ခေါင်းအေးအေးထားပြီးစဉ်းစားရတဲ့အတွက် 頭を冷やして考える ဆိုပြီးလည်းသုံးပါတယ်။

意味 -興奮した 気持ちを抑えて冷静になる。

例文

少し 頭を冷やした方がいいよ。
နည်းနည်းလောက် ခေါင်းအေးအေးထားတာပိုကောင်းတယ်။

お疲れ様💜

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

06 Aug, 14:17


မိနစံ ဘာလိုလိုနဲ့ challenge လေးပြီးဖို့ 8 ရက်ပဲကျန်ပါတော့တယ် 😱🥳
စာ ကျက်ရတာအဆင်ပြေကြရဲ့လား🙋
ဝါတာရှိ ရှင်းပြတာ‌တွေကြောင့်ပဲ နားလည်ဖို့ ပိုရှုပ်သွားသလား (ဒီတိုင်းမြန်မာပြန်လေးပြောနေရင် ပြီးရောကို သူရှင်းပြလို့ပိုရှုပ်)😅
အဲ့လိုတွေဖြစ်သွားရင် ဝါတာရှိ 本当にすみません🙇
ဖတ်ရတာ အဆင်မပြေတာတို့၊နားမလည်တာတို့ရှိရင် မိန
遠慮なく教えてください💚

ကယ် မနက်ဖြန်ကစပြီး စကားပုံက အခုလို ၁ ခုတည်း မဟုတ်တော့ဘဲ အနည်းဆုံး ၂ ခုက‌‌နေ တစ်ချို့ရက်တွေကြ ဒီထက်များမှာကြောင့် ၈ ရက်လေးမှာ နည်းနည်းလေး အားထည့်ပြီး ကြိုးစားလိုက်ကြစို့ မိန😾
どうぞよろしくお願いします🥰
最後まで読んでくれて本当にありがとうございます💜
おやすみなさい🌌🌌

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

06 Aug, 13:41


23.မေတ္တာရပ်ခံခြင်း၊ပန်ကြားခြင်း

မိနစံကို အရင်ဆုံး မေးခွန်းမေးပါမယ်😁
အပင်တစ်ပင်ကို တစ်နေရာကနေတစ်နေရာရွေ့စိုက်တဲ့အခါ အရင်ဆုံး အပင်ကိုအမြစ်က‌နေချက်ချင်းဆွဲနုတ်ပါသလား
ဆွဲမနုတ်ပါဘူး အပင်ရဲ့အမြစ် မနာအောင် ဘေးနားကမြေကြီးတွေဖယ်တာတို့ကိုကြိုတင်ပြင်ဆင်ပြီးမှ လုပ်ဆောင်ပါတယ်။
ビジネス မှာလည်း အဲ့သလိုပါပဲ ကိစ္စတစ်ခုအဆင်ပြေပြေဖြစ်အောင် အရင်ဆုံး သက်ဆိုင်သူတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိအောင် ကြိုတင်အသိပေးတာတွေလုပ်‌ ဆောင်ခြင်းကို
"根回しをする(ねまわしをする)" ဆိုပြီးသုံးပါတယ်။
ပိုနားလည်အောင် ဂျပန်လိုရှင်းပြချက်လေးပါ ဖတ်ပါနော်။

意味-事がうまく運ぶように事前に関係者の理解や協力を得ておくこと。

例文

その場で面倒なことにならないよう、ちゃんと 根回しをしておいてください。
အဲ့နေရာမှာ စိတ်ရှုပ်စရာတွေမဖြစ်ဖို့ သေချာလေး အသိပေးပန်ကြားတာလုပ်ထားပါ။

お疲れ様🍀

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

05 Aug, 15:49


22.ဘယ်လိုပဲဖြစ်ဖြစ်၊မရမက

ဒါကိုဘယ်လိုပဲဖြစ်ဖြစ်ရအောင်လုပ်မှာ ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုဖော်ပြတဲ့အခါ
"何が何でも(なにがなんでも)"ဆိုပြီး သုံးပါတယ်။どうしても နဲ့ အတူတူပဲဖြစ်လို့ နောက်မှာ ~たい(~ချင်တယ်)ဆိုတဲ့ပုံစံနဲ့သုံးတာများပါတယ်။

例文

今回の試験では、何が何でも合格したい。
ဒီတစ်ခေါက်စာမေးပွဲမှာ ဘယ်လိုပဲဖြစ်ဖြစ် စာမေးပွဲအောင်ချင်တယ်။

お疲れ様🍀

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

04 Aug, 15:21


21.ဖားသည်

ကိုယ့်အကျိုးမြတ်ရဖို့ တဖက်သားကို မြှောက်ပင့်ပြောတာဆို၊ဖားတာကို "胡麻をする(ごまをする)" ဆိုပြီးပြောပါတယ်။

意味-相手に お世辞を言ったりして、自分の利益を得ようとする。

例文

彼は上司にごまをすってばかりで、同僚(
どうりょう)には嫌われている。
သူကအထက်လူကြီးကိုအမြဲတမ်းဖားနေပြီး လုပ်ဖော်ကိုင်ဖက်တွေဆီကမုန်းခံ‌နေရတယ်။

ごまをする ကို て form ပြောင်းတဲ့အခါ
ごまをしてမဟုတ်ဘဲ
ごまをすってပါနော်

お疲れ様🍀

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

03 Aug, 15:18


20.အရာမရောက်သော၊အသေးအဖွဲ့မျှသာ

စကားဝိုင်းမှာ ဒီအကြောင်းက ပြောဖို့တန်ဖိုးမရှိဘူး၊ မတန်ဘူး လို့ပြောချင်တဲ့အခါ "取るに足らない(とるにたらない)" ဆိုပြီးပြောပါတယ်။ပိုနားလည်အောင် ဂျပန်လိုလေးပါဖတ်ပါ။

意味-取り上げるだけの価値がない、つまらない。

例文

この人たちの苦労(くろう)に比べれば、私の苦労なんて、取るに足らないものだ。
ဒီလူတွေရဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းမှုနဲ့ယှဉ်ရင် ငါရဲ့ပင်ပန်းမှုက အသေးဖွဲ့လေးပါ။

お疲れ様🍀

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

02 Aug, 15:27


19.ရှေ့နောက်ညီသည်

ပြောနေတာတွေ ရှေ့နောက်ညီတယ်ဆို
" 辻褄が合う(つじつまがあう) "ဆိုပြီးသုံးပါတယ်။

辻(つじ) = လမ်းဆုံ
🌟 လမ်းစုံ = လမ်းက တစ်ဆယ်ပုံစံဖြစ်နေတာကြောင့် ခန်းဂျီးကို မှန်းလို့ရပါတယ်။
褄(つま)= အစွန်း(ကီမိုနိုရဲ့အောက်ဘက်အနား)

例文

一応(いちおう)辻褄が合っているので、嘘(うそ)をついているわけではないようだ。
လောလောဆယ်သူ့ရဲ့စကားက ရှေ့နောက်ညီနေတဲ့အတွက် လိမ်ပြောနေတာမဟုတ်တဲ့ပုံပဲ။

お疲れ様🍀

Japanese by KIZUNA(ဂျပန်စာလေ့လာကြမယ်)

01 Aug, 15:12


18.သံယောင်လိုက်သည်၊စကားလမ်းကြောင်းသည်

A နဲ့ B ဆိုတဲ့ လူနှစ်ယောက်စကားပြောနေကြတယ်။ A က စကားတွေပြောနေပြီး နားထောင်နေတဲ့ B ကတော့ ဘာမှလည်းပြန်မပြော တိတ်ဆိတ်နေမယ်ဆိုရင် A ရဲ့စိတ်ထဲမှာ Bကငါပြောတာလည်းစိတ်မ၀င်စားဘူး၊ ပြောနေတာကို နားမထောင်ဘူး ဆိုပြီး စကားဆက်မပြောချင်တော့ဘူး။ သို့ပေမဲ့ B က A ရဲ့ စကားကိုနားထောင်နေပြီး စကား၀ိုင်းလည်းရှေ့ဆက်လာအောင် "အယ် ဟုတ်လား ၊ အဲ့ဒီတော့ သူဘာဖြစ်သွားလဲ၊ သဘောပေါက်ပြီ၊ အဲ့လိုကိုး..." စသည်ဖြင့် ပြောတာကို "相槌を打つ(あいづちをうつ)" လို့ပြောပါတယ်။

例文

彼の話を聞きながら、ただあいづちをうっただけです。
သူပြောနေတာကိုနားထောင်ရင်းနဲ့ စကားလမ်းကြောင်းပေးရုံပါပဲ။

🎧あいづちをうつ ရဲ့ အသုံးနှုန်းလေးတွေကို ဂျပန်လိုပါ‌သိအောင် ဝါတာရှိ အားတဲ့နေ့ကြ YouTube မှာ video တင်ပေးထားပါမယ်‌နော်။အဆုံးထိဖတ်လာပေးလို့ ありがとうね💌

お疲れ様🍀

1,112

subscribers

125

photos

16

videos