Ko Aye Chan Thu

@kactechnohouse


Ko Aye Chan Thu တယ်လီဂရမ် channel ကအဓိကအားဖြင့်အမြင်အာရုံမသန်စွမ်းသူ မျက်မမြင်များအတွက်ရည်ရွယ်ပြီး Content တွေကိုတင်ဆက်ပေးတာပါ။ သို့သော်လည်း ကျွန်တော့် channel မှာသာမန်လူများအနေဖြင့်လည်းမိမိတို့စိတ်ဝင်စားရာ၊နှစ်သက်ရာတွေကို ကြည့်ရှုလေ့လာယူငင်အသုံးပြုနိုင်ပ

Ko Aye Chan Thu

22 Oct, 14:15


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုမှု ဖြစ်ပေါ်နိုင်

ရန်ကုန်၊ အောက်တိုဘာ ၂၂

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတွင် မိုးကြီးပြီး ရေကြီးခြင်းနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒက သတိပေး ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် မုန်တိုင်းငယ်သည် အနောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောဆိုသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့ (Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။

Ko Aye Chan Thu

22 Oct, 03:49


Interview with ကိုဝင်းရွှေ-ဖုန်းတွေကွန်ပျူတာတွေဝယ်တော့မယ်ဆိုရင်
https://youtube.com/watch?v=qKsysbXfLOo&si=RaShBfp5seaEdvQS

Ko Aye Chan Thu

21 Oct, 08:50


Vpn India, USA နဲ့ Australia အစရှိတဲ့ vpn တွေကိုချိတ်ဆက်မယ်ဆိုရင်တော့ app ထဲကိုဝင်၊ အနည်းငယ်စောင့်၊ app က loading လုပ်ပြီးလို့ပေါ်လာရင် ss (beta) သို့မဟုတ် ss ဆိုတဲ့နေရာကိုအမှန်ခြစ်ပေးပြီးမှလိုရာ server ကိုချိတ်ပါ။

Ko Aye Chan Thu

21 Oct, 08:38


ကဲ အမျိုးတို့ရေ အလုပ်ဖြစ်တတ်တဲ့ vpn update လေးတွေလာပြီဗျို့ စိတ်ဝင်စားသူများယူတော်မူကြပါကုန်လော့

Ko Aye Chan Thu

21 Oct, 04:32


ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး  ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်ကာ မြန်မာနိုင်ငံတစ်ဝန်း မိုးကြီး၊ ရေကြီးနှင့် မြေပြိုမှုများဖြစ်နိုင်ဟု သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၂၁

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး အောက်တို ဘာလ ၂၃ ရက်နေ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီတွင် သတိပေးချက်ထုတ်ပြန်သည်။

ယနေ့မြန်မာစံတော်ချိန်  နံနက် ၉ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး၊  လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊  အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ၂၂-၁၀-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း ရောက်ရှိ နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆိုသည်။

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း သိရှိရသည်။

ထို့ကြောင့်  မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုး/ဇလက သတိပေးသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး   ၁ ကြိမ်တွင် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုး/ဇလက ထပ်မံ သတိပေးထားသည်။

Ko Aye Chan Thu

21 Oct, 01:48


STW audio game quest ရှာပုံတော်-oyster hunt
https://youtube.com/watch?v=fKReKXLvXE0&si=QvWwATF3cNaPOG5k

Ko Aye Chan Thu

20 Oct, 02:31


Podcast by ကိုအေးချမ်း episode5-every cloud has a silver lining
https://youtube.com/watch?v=OhKnBMU4OFw&si=G2P2TxXdif3eYOeV

Ko Aye Chan Thu

19 Oct, 05:01


Ultrasurf vpn ကိုကြိုက်နှစ်သက်သူများအတွက် တင်ပေးလိုက်ပါတယ်။ ကိုအေးချမ်းကတော့ mobile data နဲ့သုံးပြီး server ကို Indonesia‌ ကိုထားပြီးချိတ်တာ အလုပ်လုပ်ပါတယ်။ auto select ဆိုရင်တော့ ချိတ်မှာမဟုတ်ပါဘူး။ အခြား server တွေလည်းပြောင်းချိတ်ကြည့်ပေါ့နော့။

Ko Aye Chan Thu

19 Oct, 03:39


ဒီကောင်တွေ ၄ ယောက် top speed အသံဂိမ်းကစားကြပြန်ပြီ
https://youtube.com/watch?v=IhexoUedC44&si=Vvi6QjafW7H9oP-9