Jennifer Connelly

@jenniferconnellymmsub


Jennifer Connelly

20 Sep, 20:27


Airdrop သမားတွေအတွက် Project တောင့်ပီးခိုင်မာတဲ့ Airdrop တခုအကြောင်း Sharing ပေးချင်လို့ပါ...
ဒီ Project ကိုတော့သိပီးတဲ့သူတွေလည်းရှိကြသလိုမသိတဲ့သူတွေလည်းရှိကြပါလိမ့်မယ်
ဒီ post လေးကတော့မသိတဲ့သူတွေအတွက်ရည်ညွှန်းပီးရေးပေးထားပါတယ်ဗျ....

Token Name - MBIX
Project Name - MoomBix

Binance လိုမျိုး အကြီးစား Exchange ကနေ  invest လုပ်လာခဲ့တဲ့အတွက်  တခြား Project တွေလို 50%မဟုတ်ဘူး 100% သေချာပါတယ်

Game အကြောင်း

Game Type ကတော့ အရုပ်ကောက်စက်မှာ Pro ကျတဲ့သူတွေအတွက်ကတော့ Easy ပဲ ပီးတော့ငယ်ငယ်က Pc မှာဆော့ခဲ့တဲ့ Gold Mine လိုလေးပါပဲ

ပုံထဲကလို
ကျောက်တုံးတွေကလွဲရင် တခြားဟာလေးတွေကောက်ရမှာပါ

ကောက်မိတဲ့ အရွယ်အစားအလိုက်
Point ရတာကွာခြားပါတယ်
ကျောက်တုံးတွေလည်းအရွယ်အစားလိုက် ကောက်မိရင် pointနုတ်ပါတယ်

Gift Box လေးက point 60 ထိတော့ပေးတာတွေ့တယ် ဒီထက်ပိုများရင်လည်းများလောက်မယ် မင်မင်ကတော့ 60 ပဲရတယ်

သူက 10 မိနစ်စောင့်ပီးရင်ဆော့ဖို့ 1 ကြိမ်ပြန်ရပါတယ် 6 ခါထိပဲ limit ကန့်ထားတဲ့အတွက်
1 ခါဆော့ရင် ၆ခါလုံးဆော့ပါ  ပီးရင်
10 မိနစ်တခါ ပြန်ရတဲ့အတွက် 6 ခါဆိုတော့ မိနစ် 60 / 1 နာရီစောင့်ပီး 6ခါပြန်ဆော့
အဲ့လိုလေးဆော့ပေးပါ

ဖုန်းတစ်လုံး Acc ၁ခုပဲဆော့ပေးပါ
ဘာလို့ဆို Acc အများကြီး ဆော့ရင်
Ban ခံထိနိုင်ပါတယ်

ပီးတော့ ဒုတိယပုံကလို Task ဆိုတဲ့ဟာလေးတွေလိုက်လုပ်ပေးပါ အမှန်ခြစ်ပေးရင် point တွေရပါမယ်ဗျ
Binance Acc ရှိရင်လည်း Link ချိတ်လိုက်ပါ
Point 10000 ရပါမယ်ဗျ

Project ကြာချိန် က 1 လပဲအချိန်ပေးထားပြီး
Nov 4 ကျရင်  Snapshot ပါမယ်

နောက်ပီးအကြံပေးချင်တာလေးကတော့
တခြား Project တွေထက် ဒီ Project လေးကိုပိုပီးအချိန်ပေးဆော့စေချင်ပါတယ်

ဘာလို့မင်မင်သဘောကျတဲ့ project ဖစ်နေရတာလည်းဆိုတော့
အချိန်တိုတိုနဲ့ List တဲ့အတွက်ကြောင့်ရယ်
Binance လိုမျိုး အကောင်ကြီးကြီး Exchange ကြီးက Inverst လုပ်ထားတာတွေရယ်ကြောင့်ပါ

Moonbix Acc ဖွင့်ရင်

https://t.me/Binance_Moonbix_bot/start?startApp=ref_1447525697&startapp=ref_1447525697

Jennifer Connelly

16 Sep, 14:14


ရုပ်ရှင်တစ်ကားကို ဇာတ်လမ်းအကြောင်းလဲစိတ်မဝင်စား ဘာတွေပြောနေမှန်းလဲမသိဘဲ မျက်တောင်မခတ်တမ်း အစအဆုံးကြည့်….ပြီးရင်လဲ သတိရတိုင်းအထပ်ထပ်ပြန်ကြည့်နေမယ်ဆိုရင် အဲ့ကောင်ကို ရူးနေတယ်လို့ မထင်ဘူးလား…
ဟုတ်ပါတယ်…အဲ့ဒီအရူးက ကျွန်တော်ပါ။

ဒီဇာတ်ကားကိုကြည့်မိတိုင်း ကျွန်တော်ဟာ အသက်ရှူဖို့မေ့နေတာမျိုး…
မမမြင်းစီးတဲ့စီးချက်အတိုင်း နှလုံးခုန်နေတာမျိုး…
ကျွန်တော့်ကမ္ဘာဟာ မမအကြည့်တွေမှာ တည်ထားတာမျိုး….
ဪ…အမျိုးမျိုးနဲ့ သိပ်လှတဲ့မမလို့ ယောင်ရမ်း ထအော်မိနေတတ်တာမျိုး…
အဲ့ဒီမမကတော့ ဒီဇာတ်ကားရဲ့မင်းသမီး Jennifer Connelly ပါ။

မကြည့်ဖူးသေးရင် ကြည့်ကြည့်ပါ..ကြည့်ဖူးရင်လဲ BluRay 1080p HEVC Quality နဲ့ ပြန်ကြည့်ကြပါ။

ဇာတ်ကြောင်းကိုသွားရမယ်ဆိုရင်တော့ဖြင့်…ဂျင်ဒေါ့ဂ် (Frank Whaley) ဆိုတာ အရွယ်ရောက်နေပေမယ့် မိဘအိမ်မှာနေနေသေးတဲ့လူတစ်ယောက်ပါ.
လေကြီးမိုးကြီး အရမ်းပြောတတ်ပေမယ့် comfort zone ထဲ က မထွက်နိုင်သေးတဲ့ ငပျင်းတစ်ယောက်ဆို မှန်ပါလိမ့်မယ်။
အလုပ်လဲ ခဏခဏ အထုတ်ခံရပြီး မိဘတွေကအစ ငြိုငြင်ခြင်းခံရသူပေါ့. တစ်နေ့ သူ့အဖေ ဖြစ်သူက သူ့ကို စတိုးဆိုင်တစ်ခုမှာ ညသန့်ရှင်းရေးသမား အဖြစ် အလုပ်သွင်းပေးလိုက်ပါတယ်။ ဂျင် ပထမဆုံး အလုပ်ဆင်းတဲ့ညမှာ သူ့အထက်ဝန်ထမ်းက သူ့ကို အာဏာတွေပြပြီး ငါ မနက်မှ မင်းကို ဆိုင်ထဲက ထုတ်ပေးမယ်ဟုဆိုကာ အပြင်ကနေ သော့ပိတ်သွားပါတော့တယ်။ ဂျင် တစ်ယောက် လူသူကင်းမဲ့တဲ့ စတိုးဆိုင်ကြီးထဲမှာ သန့်ရှင်းရေးလုပ်ရင်း ညတာကို ဖြတ်သန်းရတော့မှာပါ.
ဂျိုစီ (Jennifer Connelly) ကတော့ ဂျင် နဲ့ ဆန့်ကျင်ဘက်ပါ။ ရွှေပေါ်မြတင် သူဌေးသမီးဆိုပေမယ့် Comfort zone ထဲက
ရုန်းထွက်ချင်သူတစ်ဦးပါ။ ဒါပေမယ့် ဖခင်ဖြစ်သူရဲ့ တင်းကြပ်မှုကြောင့် လွတ်လပ်မှု ပျောက်ဆုံးနေသူတစ်ဦးပါ။ တိုက်ဆိုက်စွာနဲ့ ဂျင် အလုပ်ဝင်တဲ့နေ့မှာပဲ ဂျိုစီ ဟာ သူ့အဖေ အရှက်ရအောင်ဆိုပြီး စတိုးဆိုင်ထဲက ပစ္စည်းတစ်ခုခုကို အလစ်သုတ်ပြီး အဖမ်းခံရအောင်လုပ်ဖို့ ကြံပါတယ်။ ဒါပေမယ့် ချီတုံချတုံ ဖြစ်ပြီး မခိုးဖြစ်တော့ပဲ စတိုးဆိုင်ထဲက တနေရာရာမှာ ပုန်းနေလိုက်ပါတယ်။ ဒီတော့ ညဘက် အလုပ်လာဆင်းတဲ့ ဂျင် နဲ့ အတူတူ စတိုးဆိုင်ထဲမှာ ပိတ်မိကုန်တာပေါ့။ ဂျင်ကလဲ ငပျင်းဆိုတော့ အလုပ်လုပ်တာ နည်းနည်း ကမျင်းတာ များများဆိုတော့ စတိုးဆိုင်ထဲ သူတစ်ယောက်တည်း အမှတ်နဲ့ နေချင်သလို နေပါတော့တယ်။ ဂျိုစီ ကလဲ အသံဗလံတွေကြားလို့ ထွက်အကြည့် လွတ်လပ်မှုတွေရပြီး ရုန်းမထွက်ချင်တဲ့ ဂျင် နဲ့ လွတ်လပ်မှုကို အရမ်းလိုချင်တဲ့ ဂျိုစီတို့ ဆန့်ကျင်ဘက်လူသားနှစ်ဦး ကြား ဘယ်လို အချစ်မီးများ ပေါက်ဖွားလာမလဲ..ဒီကြားထဲ လူဆိုးနှစ်ဦးကပါ စတိုးဆိုင်ကို ဖောက်ထွင်းဖို့ရောက်လာခဲ့ချိန်မှာတော့…။

ဒါရိုက်တာ Bryan Gordon ရိုက်ကူးထားပြီး အရမ်းလှတဲ့ မမ Jennifer Connelly နဲ့ မင်းသား Frank Whaley တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးကားလေးပါ။

Jennifer Connelly

16 Sep, 14:13


Career Opportunities (1991)

Jennifer Connelly

24 Nov, 14:20


Phenomena (1985)

မမ Jennifer Connelly ရဲ့ ငယ်တုံးရွယ်တုံးခေတ်ကထူးထူးဆန်းဆန်းဇာတ်ကားလေးတခုကိုမိတ်ဆက်ပေးပါရစေ..
Swizerlandနိုင်ငံရဲ့‌‌ လေရူးတသုန်သုန်တိုက်ခတ်နေတဲ့Swiss Translyvaniaဆိုတဲ့အရပ်လေးဒီနေရာလေးတခုမှာ မိန်းကလေးတွေကိုသတ်ဖြတ်‌နေတဲ့စိတ္တဇ လူသတ်သမားတဦး။ ဒီလိုအချိန်မှာပဲ ဒီနေရာကRichard Wargner ကျောင်းကိုရောက်လာတဲ့ Paul Cavinoရုပ်ရှင်မင်းသားကြီးရဲ့သမီးလေး “Jennifer “။ဂျနီဖာ့ကို ပစ်မှတ်ထားလိုက်တဲ့ လူသတ်သမား။ဂျနီဖာ ရဲ့မသိစိတ်စွမ်းအားဟာ အင်းဆက်သတ္တဝါလေး‌တွေကိုဘယ်လို‌သက်ရောက်နေတာလဲ ဒီအင်းဆက်လေးတွေနဲ့ပဲဂျနီဖာဟာ လူသတ်သမားကိုဘယ်လိုဖော်ထုတ်မလဲဆိုတာကိုPhenomena ဆိုတဲ့ဇာတ်ကားမှာ ထင်မှတ်မထားတဲ့ဇာတ်ကွက်‌တွေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ရှုစားအားပေးကြပါဦး။
🚫သတိပေးချက် ဤဇာတ်လမ်းသည် အချို့သော ကြည့်ရှုသူများအတွက်စိတ်အနှောင့်အယှက်ဖြစ်နိုင်သည့် အင်းဆက်သတ္တဝါများ သွေးထွက်သံယိုနှင့်အော်ဂလီဆန်စရာအခန်းများပါ၀င်ပါသည်။ 🚫

Jennifer Connelly

09 Aug, 17:47


The Hot Spot (1990)

ဟယ်ရီမက်ဒေါ့စ်ဟာ တက္ကဆက်က မြို့ငယ်လေးတစ်ခုကို အခြေလာချတဲ့ တစ်နယ်သားတစ်ယောက်ပါ။ သူ့နောက်ကြောင်းကို ဘယ်သူမှ မသိရသလို ဘာအကြံအစည်တွေသယ်ဆောင်လာမလဲ
မယုံကြည်ရသူတစ်ယောက်။ ကားဟောင်း အရောင်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်နေရင်း ပိုင်ရှင်ဖြစ်သူရဲ့ ဇနီးနဲ့ ပွေရှုပ်သလို စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာ(Jennifer Connelly)ကိုလဲ အလွတ်မပေးပါဘူး။တကယ်တမ်း သူ့ရည်ရွယ်ချက်က မြို့ရဲ့ ဘဏ်တိုက်ကိုလုယက်ဖို့ပါပဲ။
အဲ့ဒီအချိန်မှာပဲ စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာဟာ မြို့စွန်မှာ နေထိုင်တဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ ငွေညှစ်ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ ဒါတွေရဲ့ နောက်ကြောင်းက ဘယ်လိုရှိလဲ။
နယ်လှည့်ပြီး ဖျံကျလာတဲ့သူတစ်ယောက်အတွက် ဒီနယ်မြို့ငယ်လေးမှာ သူ့ထက်လည်တဲ့သူ ရှိနေမလား။
လျှို့ဝှက်ချက်ကိုယ်စီနဲ့ လူတစ်စု တစ်ယောက်အပေါ်တစ်ယောက် ပိပိရိရိလှည့်ဖျားကြပုံတွေကိုစိတ်ဝင်စားစရာမြင်ရပါလိမ့်မယ်။
Jennifer Connelly ဆိုတာ ၁၉၉၀ ခုနှစ်များရဲ့ အလှဘုရင်မဖြစ်ပြီးတော့ သူ့ရဲ့အလှတွေချပြထားတဲ့ ဒီဇာတ်ကားက ကျွန်တော်တို့ကို ခဏခဏပြန်ကြည့်မိအောင် ဆွဲဆောင်ထားပါတယ်။ :3