အိန္ဒိယစာတန်းထိုးဇာတ်ကားများ

@indiamoviel


ကြေငြာအပ်ချင်ရင် အောက်က
Admin accကို Hiပေးကြပါ 👇👇

👉 @YoteShinVip 👈
👉 @YoteShinVip 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ (Burmese)

အိန္ဒိယစာတန်းထိုးဇာတ်ကားများ သည် အိန္ဒိယနိုင်ငံရဲ့ စာတန်းထိုး ဇာတ်ကားများကို စႏွးားပန်ကြေငြာအပ်ချင်ရင် အောက်က ၄သန်းတွင် ပြောသည်။ သို့ပြီး Admin accကို Hiပေးကြပါ။ မွာ ဖော်ပြ လိုလျှင် @YoteShinVip ဆိုတာက ဝယ်ယူနိုင်ပါ။ အိန္ဒိယစာတန်းထိုးဇာတ်ကားများ မှာ အစာအဆုံး အတွက် ခက်ခဲလုပ်ငန်းနိုင်ပါသည်။

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

11 Oct, 12:34


Naa Peru Surya Naa Illu India (2018)


ဆူရာ့ ဟာ ရှေ့တန်း စစ်တပ် တစ်ခုရဲ့ အတော်ဆုံး စစ်သား တစ်ယောက်ပါအတော်ဆုံးဖြစ်ပေမဲ့ သူဟာ ဒေါသ အင်မတန်ကြီးသူဖြစ်ပြီး မဟုတ်မခံစိတ်ရှိသူ

တဇောက်ကန်း လုပ်သူ အထက်အရာရှိများကို မမာမခန့်လုပ်သူ စသဖြင့်အကြောင်းမျိုးစုံကြောင့် ရာထူးမတိုးသူ တစ်ယောက်ပေါ့

အသားအရောင် မခွဲခြား လူမျိုး မခွဲခြားမတရားမှုကိုသာ ခွဲခြားပြီး လက်ပိုက်မကြည့်တက်သူပါ
ကြီးနိုင်ငယ်ညှင်းမှုများ ၀င်၀င်ပါလွန်းလို့ စစ်တပ်ရဲ့ထုချေလွှာမှာ ဆူရာ့ နာမည်တွေပဲ ဖိုင်တစ်ထပ်လောက်ရှိနေတက်ပါတယ်

တစ်ရက်သော အခါ ဆူရာ့ တစ်ယောက် ရှေ့တန်းစစ်မြေပြင်
နယ်စပ်ကို သွားချင်လွန်းတဲ့အတွက် အရာရှိများကို ပူဆာရာ
အရာရှိများက ဆူရာ့ ဒေါသ မထိန်းနိုင်လျင် ကမ္ဘာစစ်ကိုအစပျိုးသလို ဖြစ်မည်ဆိုးသောကြောင့် India နိုင်ငံ၏အတော်ဆုံးသော စိတ်ပညာရှင်ဆရာ၀န်ထံမှ လက်မှတ်ရမှသာနယ်စပ်သို့ လွှတ်မည်ဟု ပြောလာပါသည်

ဆူရာ့ လက်မှတ်ယူရမယ့် စိတ်ပညာရှင်မှာဆူရာ့ အဖေ ဖြစ်နေသည့် အတွက် ကျားမှီးသာ
ပြေးဆွဲလိုက်ချင်သည့် ဆူရာ့ အဖြစ်က ဘယ်လိုဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/bollywoodmovie789/269
https://t.me/bollywoodmovie789/269


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

11 Oct, 12:34


Anegan (2015)
IMDB (6.7/10)

၁၉၆၂ ခုနှစ်များဆီက မြန်မာနိုင်ငံမြင်ကွင်းနဲ့အတူ တမီလ်လူမျိုး အလုပ်သမားမူနာရုနာဟာ လူချမ်းသာမြန်မာစစ်ဗိုလ်ချုပ်ရဲ့သမီး ဆုမုဒြာနဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုမှာ ချားရဟတ်မတော်တဆမှုကို ကူညီကယ်ဆယ်ရင်း ချစ်သူတွေဖြစ်သွားကြပါတယ်

ဆုမုဒြာရဲ့အဖေကလုံးဝသဘောမတူပါဘူး..အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆုမုဒြာရဲ့အဖေဟာ မြန်မာပြည်ထဲက တမီလ်ရွှေ့ပြောင်းလုပ်သားတွေကို နေထိုင်ခွင့်ရုပ်သိမ်းလိုက်တာကြောင့် ပဋိပက္ခတွေဖြစ်ပြီး တမီလ်အလုပ်သမားတွေ မြန်မာနိုင်ငံကထွက်ပြေးခဲ့ရပါတယ်

ဆုမုဒြာဟာ သူ့ချစ်သူ မူနာရုနာနဲ့အတူ သင်္ဘောပေါ်အတူ လိုက်ပြေးသွားခဲ့ပေမယ့် အိမ်က လိုက်ဖမ်းတာကြောင့် ရေထဲကို ခုန်ဆင်းပြီး ထွက်ပြေးဖို့ကြံရာမှာ မူနာရုနာ သေနတ်မှန်ပြီး သေဆုံးခဲ့တာကြောင့် ဆုမုဒြာလည်း သေအတူသစ္စာထားကာ ရေထဲခုန်ချခဲ့ပါတယ်

လက်ရှိအခြေအနေ ဇာတ်ကွက်မှာတော့ ဆုမုဒြာဟာ မက်ဟူမီသာဆိုတဲ့ မိန်းကလေးအဖြစ်နဲ့ နောက်တစ်ဘဝဖြစ်နေခဲ့ပြီး စိတ်ရောဂါကုဆရာဝန် ဒေါက်တာရက်ဟီကာနဲ့ နှစ်သိမ့်ဆွေးနွေးဆေးကုသနေသူ တစ်ယောက်ပဲဖြစ်ပါတယ်


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/bollywoodmovie789/266?single
https://t.me/bollywoodmovie789/266?single


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

04 Oct, 15:17


The Greatest Out All Time (2024)
ရုံတင်ဇာတ်ကားကြီး ရပါပြီ

ဇာတ်လမ်းအကျဉ်းချုပ်ကတော့

ဗီဂျေး နှစ်ကိုယ်ခွဲ သူတို့ကသားဖတွေဖြစ်ပီး ငယ်ငယ်လေးထဲက ထိုင်းနိုင်ငံမှာ သားဖြစ်သူမီးခြို့အသတ်ခံခဲ့ရတာကြောင့် သေပီလို့ပဲထင်ထားပေမဲ့ တကယ်မသေခဲ့ပါဘူး ဒီလိုနဲ့နှစ်တွေကြာလာတော့ သူတို့သားအဖနှစ်ယောက်ဟာ အဖေကလဲ သားကိုသားမှန်းမသိ သားကလဲအဖေကိုအဖေမှန်းမသိကြပဲ
အငြိုးကြီးတဲ့ကမ္ဘာရန်သူတွေအဖြစ်  ကလဲ့စားချေမှု့တွေနဲ့ တစ်ယောက်ကိုတစ်ယောက် အသေအကြေဖိုက်ကြတာကိုရှူ့စားကြရမှာပါ

ဒါတွေအားလုံးရဲ့တရားခံ သူတို့သားဖနှစ်ယောက်ကို ရန်တိုက်ပေးခဲ့တဲ့နောက်ကွယ်က ကြိုးကိုင်နေတာကဘယ်သူလဲ အဲ့ဒီလူကရော ဘာလို့အငြိုးကြီးကြီးနဲ့ ကလဲ့စားပြန်ချေနေလဲဆိုတာ.....Run Timeကလဲ ၃နာရီကျော်တောင်ဆိုတော့ ကြည့်ရတာလည်းတန်စေရမယ်ဗျာ 😱😱😱



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/bollywoodmovie789/237
https://t.me/bollywoodmovie789/237


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

04 Oct, 15:17


3 Idiots [2009]

IMDb ,8.4/10

Rotten Tomatoes (100%)
December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့
3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan
ရိုက်ကူးလေ့ရှိသော ဇတ်ကောင်များ အတိုင်း ပရိတ်သက်ကို အတွေးသစ်အမြင်သစ် နှင့် အခြား
စိတ်ဓါတ် မြင့်တင်ရေး ပုံစံသစ်ဖြင့် ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…
မိဘ တွေဟာ သားသမီးတွေ ငယ်စဉ်ကတည်းက သူတို့အပေါ် အရမ်းမျှော်လင့်ချက် ရှိကြတယ်
လမ်းမှားမသွားအောင် လို့ ပဲ့ပြင်ဆုံးမကြတယ် ဒါပေမယ့် မိဘ တော်တော်များများကတော့
သားသမီး တွေကို ပညာတက် ဖြစ်စေချင်ပြီး ဆရာ၀န်ကြီး အင်ဂျင်နီယာကြီး ဖြစ်စေချင်တဲ့ စိတ်က
အားလုံး ကိုယ်စီ ရှိကြပါတယ် ဒါပေမယ့် ကလေးတွေကရော သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို
မမေးမိကြပါဘူး သိလဲ မသိချင်ကြသလို စိတ်မ၀င်စားကြပါဘူး ကလေးတွေဟာ စက်ရုပ်တွေလိုပဲ
မိဘ တွေ ဖြစ်စေချင်တဲ့ စီးပွားရေး သမား အစိုးရ ၀န်ထမ်း ဆရာ၀န် အင်ဂျင်နီယာ ရှေ့နေတွေ
အဖြစ် ရပ်တည်လာကြရတယ် ဒါပေမယ့် သူတို့ ဆီမှာ တစ်ခြားတစ်ဖက်မှာ ထူးချွန်နိုင်တဲ့ ပညာ
အရည်အချင်းတွေ ရှိနေခဲ့တယ်….


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/bollywoodmovie789/234
https://t.me/bollywoodmovie789/234


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

03 Oct, 14:30


Sanam Teri Kasam (2016)
=====================
မငိုကြေးနော် 😔😔


အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာ
ဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ် သူက ပုံတုံးတယ်
ရိုးတယ် အ တယ် သူ့ကို လူတိုင်းက အသုံးချလဲ သူခံတယ်
အမြဲတမ်း မျက်နှာလေးကို ပြုံးပြုံးထားတယ်

သူက ဥာဏ်ကောင်းပြီး တော်ပေမဲ့ အိမ်က ပေးစားတဲ့
ယောင်္ကျားကို ယူရဖို့ပဲ စောင့်နေရတဲ့ သမီးကြီးပေါ့
သူ့အောက်က ညီမဖြစ်သူကတော့ ခေတ်ဆန်ပြီး
ရည်းစားရှိတယ် India တွေ ထုံးစံ အတိုင်း
အကြီး မင်္ဂလာဆောင်မှ အငယ်က မင်္ဂလာဆောင်ရတယ်

ဒီတော့ ညီမ ဖြစ်သူကလဲ ယောင်္ကျားမရသေးတဲ့ ဆာရူး ကို
အမြဲလိုလို နှိမ်နေခဲ့တယ်
ဆာရူး အိမ်က သက်မှတ်ထားတာကလဲ နိုင်ငံခြား ဘွဲ့ ၂ ခုလောက်
အနည်းဆုံးရထားပြီး မျိုးရိုးမြင့်တဲ့ မိသားစု ကို သားမက်တော်ချင်တာ

ဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလွန်းလို့ခေါင်းခါထွက်သွားတာ ၁၀ ယောက်ထက် မနည်းတော့ဘူး ဒီလိုကံဆိုးနေတာ ဆာရူး တစ်ယောက်ပဲ ရှိမယ် ထင်ရတယ်

ဆာရူး တို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီ ဆန်ဆန်ကောင်လေး တစ်ယောက် ရှိတယ် တစ်ကိုယ်လုံး တက်တူးတွေနဲ့အမြဲတမ်း ဘီယာလေး တမြမြ နဲ့ မူးနေတဲ့သူ
သူ့အခန်းဆိုရင်လဲ ညတိုင်း မိန်းမပျက်တွေ ၀ငျထှကျနတေဲ့နရောနာမညျလေးကလဲ ဆိုးသေး လူသတ်မှုနဲ့ ထောင်က လွတ်လာသူ

သူ့နာမည်က အင်ဒါ တဲ့
ရုပ်ချောပြီး ဗလ ခပ်တောင့်တောင့် နဲ့ ကောင်လေးပေါ့
တစ်ရက် ဆာရူး ရဲ့ အဖြစ်ကို အင်ဒါ မြင်သွားတယ် သနားသွားမိတယ်ဆာရူး အလုပ်လုပ်တဲ့ စာကြည့်တိုက်မယ် စာအုပ်တွေ သွားငှားပေါ့

အင်ဒါ ရဲ့ လက်ရှိရည်းစားကလဲ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဆိုတာ ဆာရူး သိတဲ့နောက်မှာ လူခြေတိတ်ချိန်လေး အင်ဒါ အခန်းကိုသွားအင်ဒါ ရည်းစားဆီမယ် သူမ ပုံစံကို ပြောင်းလဲပေးဖို့ အကူအညီတောင်းခဲ့တယ်အဲ့ဒီအချိန်မှာပဲ မူးနေတဲ့ အင်ဒါ ရည်းစားရောက်လာ ရန်တွေဖြစ်ကြအင်ဒါ ဒဏ်ရာ ရသွားလို့ ဆာရူးက ဆေးခန်းလိုက်ပို့ နဲ့

တိုက်ခန်းက လူတွေကတော့ ဒီကောင်လေး နဲ့ ကောင်မလေးညားနေပြီဆိုပြီး ဆာရူးအဖေကြီးကို ချွန်တွန်းလုပ် ဟိုရှေးရိုးစွဲအဖေကြီးက ဆာရူး ကို အိမ်က နှင်ထုတ်လိုက်တယ်

ဘ၀ မှာ မိသားစုကလွဲပြီး ဘယ်သူမှ မရှိဖူးတဲ့ ဆာရူး တစ်ယောက်လေလွင့်ရတော့မယ့် အခြေအနေမှာ အင်ဒါက ဘေးနားကကိုယ်ရံတော်လို မားမားမတ်မတ် ရပ်တည်ပေးပြီး
အစွဲကြီးတဲ့ ဆာရူး တို့ အဖေ ဘယ်လို ပြန်ခွင့်လွှတ်လာအောင်

ကူညီမလဲ ဆာရူး ရဲ့ နဖူးစာ မှာပါတဲ့ ချစ်သူကရော အင်ဒါဖြစ်လာမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/channelmyanmar678/48?single
https://t.me/channelmyanmar678/48?single


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

03 Oct, 12:28


Khaleja [2010] Web-dl 1080p


ဇာတ်လမ်းအနေအထားက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်ရှုပျော်ရှိပြီး
တမူထူးခြားတဲ့ အချက်က
တောင်ပိုင်းကားတွေထဲကနေ ခွဲထွက်ထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်
မင်းသားက ဘ၀ကို ပေါ့ပေ့ါပါးပါး ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက်
အဖိုးဖြစ်သူရဲ ့ နားပူနားဆာလုပ်တဲ့ဒါဏ်ကို မခံနိုင်လို့အငှားယာဉ်မောင်းအလုပ်လုပ်ရင်း သူဌေးသမီး မင်းသမီးလေးနဲ့တွေ့မင်းသမီးက ရှက်ပြာရှက်ပြာနဲ့မို့ အခုမှစ၀င်တဲ့ မင်းသားရဲ ့ကားကို ၀င်တိုက်ဒီလိုပြသနာလေးတွေကြောင့် မင်းသားလည်း အုံနာကို ကားဖိုးလျော်ဖို့အတွက် သက်သေဖြစ်တဲ့လူတစ်ယောက်ဆီကို လိုက်သွားတယ်
အဲ့ဒီသက်သေဆိုသူက ပါကစ္စတန်နယ်စပ်က ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာမှာ နေတယ်အဲ့ဒီကန္တရထဲမှာပဲ အယူသည်းတဲ့ လူမျိုးစုတွေ နေကြသေး
ဒီလူမျိုးစုတွေထဲက တစ်ယောက်ပြီးတစ်ယောက်ကပ်ဘေးကြီးကြောင့် သေကြကြေကြတော့ နတ်ဆရာဟောထားတဲ့ စကားအရသူတို့ဆီကို ဘုရားလွှတ်လိုက်တဲ့သူ ရောက်လာလိမ့်မယ်တဲ့
သူတို့ပြသနာတွေကို အဲ့့ဒီလူက ရှင်းလင်းပေးလိမ့်မယ်တဲ့
ဘုမသိဘမသိနဲ့ဒီအရပ်ကို ရောက်လာတဲ့ မင်းသားရယ်မိဘသဘောတူထားတဲ့သူနဲ့မယူနိုင်လို့ ထွက်ပြေးလာတဲ့မင်းသမီးဟာ သဲကန္တာရထဲမှာ သွားဆုံမိကြပြန်တယ်



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/wongyichoutkarmyar/44
https://t.me/wongyichoutkarmyar/44


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

03 Oct, 12:28


Dookudu 2011

မာဟစ်ရ်ှဘာဘူရဲ့ အက်ရှင်ကား
တစ်ကားပေါ့ဗျာ

စမန်သာ ၊ ပရာကက်ရ်ှနဲ့တွဲပြီး ရိုက်ထားတဲ့ ကားဆိုတော့ပြောစရာတောင် မလိုအောင် ကောင်းပါတယ်

ဒီကားက မာဟစ်ရ်ှရဲ့ အအောင်မြင်ဆုံးဇာတ်ကားထဲမှာ ပါပါတယ်ဘတ်ဂျက် ၃၅ ကုဋေ ရင်းနှီးရိုက်ကူးခဲ့ရာမှာ
၁၀၁ ကုဋေ ပြန်ရခဲ့တာဆိုတော့သုံးဆလောက်ပြန်ရခဲ့တယ်ဆိုတဲ့သဘောပါ

ဒါ့အပြင် ဘင်္ဂလီဗားရှင်းနဲ့ ကန်နားဒါးဗားရှင်းအဖြစ်  Remake နှစ်ခါ ပြန်ရိုက်ခဲ့တာမို့

အောင်မြင်မှုအတိမ်အနက်ကို အထူးပြောနေစရာတောင် မလိုတော့ပါဘူး



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/wongyichoutkarmyar/42
https://t.me/wongyichoutkarmyar/42


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

03 Oct, 11:49


"စလူးဘိုင်ရဲ့ တိုက်ဂါး၃" HD အကြည်ရပါပြီ

အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်
IMDb - 7.6/10
နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက
နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။
အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး
စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....
အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။
ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။
အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။
ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/bollywoodmovie789/226
https://t.me/bollywoodmovie789/226


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

02 Oct, 13:48


Son Of Satyamurthy [2015]
======================

ဖခင်ဆိုတဲ့ ကြီးမားလှတဲ့အရိပ်ကို ခိုလှုံရင်း ဘဝကို ခပ်အေးအေးနေခဲ့တဲ့ လူငယ်တစ်ယောက်...

အက်ဆီးဒင့်ကြောင့် ဖခင်ဖြစ်သူ သေဆုံးပြီးနောက်ပိုင်း ဖခင်အရိုက်အရာကိုလက်ခံကာ...

ကြုံလာသမျှအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းတကယ်ကောင်းသလို ၊ ရိုက်ချက်တွေလည်းကောင်းတယ်။

Stylish Star အာလူအာဂျွန်းရဲ့ ထုံးစံအတိုင်း ခပ်မြူးမြူးလေးဆိုတော့

ကြည့်ဖူးသူလည်း မူရင်းတီလူဂူးအသံနဲ့ ထပ်ကြည့်လို့ရတာပေါ့

ခင်ဗျာ။ အိုဗာအက်ရှင်ပါတာလေးတွေတော့ သည်းခံကြည့်ရမယ်။



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/bollywoodmovie789/232
https://t.me/bollywoodmovie789/232


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

02 Oct, 13:47


My Client's Wife (2020)
Mystery, Thriller
IMDb 6.6/10

တစ်ညမှာ ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို သတ်ပစ်ဖို့လောက်တဲ့အထိ ကြိုးစားခဲ့ပါတယ်။ ဒါကို မိန်းမဖြစ်သူက တရားစွဲခဲ့တယ်။

အဲ..အဲ့ဒီိအမှုကို ရှေ့နေတစ်ယောက်က လိုက်တယ်ဆိုပါတော့ဗျာ..ရှေ့နေကတော့ ယောက်ျားဖြစ်သူဘက်က လိုက်ပေးမယ့် ရှေ့နေပေါ့..

အမှုကလည်း ထင်သလောက် မရိုးရှင်းပြန်ပေဘူး။ ယောက်ျားဖြစ်သူကို မေးစမ်းကြည့်ပြန်တော့လည်း သူ့မိန်းမက အိမ်ထောင်ရေးဖောက်ပြန်နေတဲ့အတွက် သူ့ကိုသေစေချင်နေတယ်။ မိန်းမဖြစ်သူကလည်း သူ့ယောက်ျားက ဒေါသထွက်လွယ်ပြီး အမြဲသံသယဝင် လက်ပါပါနေလို့ သေမလိုဖြစ်ခဲ့ရတယ်။

ဒီလိုနဲ့တစ်နေ့ သူတို့အိမ်ကို ရှေ့နေက စုံစမ်းဖို့ထွက်လာခဲ့တဲ့အခါမှာတော့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်…

ကဲ..အဲ့ဒီအိမ်ကြီးက ကျိန်စာပဲတိုက်နေတာလား..ဘယ်လိုအကြောင်းရင်းတွေများရှိနေမလဲ..ဒီလိုမှမဟုတ်ရင် တကယ်တမ်းအမှန်တရားက ဘာတွေများလဲ..


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/indiamovieonly11/61
https://t.me/indiamovieonly11/61


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

02 Oct, 13:47


Mehbooba [2018]


2019 ရဲ့ အစဒီလိုအခါသမယမှာပဲအိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေထဲကနေရင်ထဲကို တိုးဝှေ့ တိုက်ခတ်သွားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ရှိပါတယ်။. . .

ရိုရှန်းဆိုတဲ့ ကောင်လေးဟာညစဉ်အိပ်မက်ဆိုးတွေ မက်တယ်။

အိပ်မက်ထဲမှာ သူ အသတ်ခံရသတဲ့။

ထူးခြားနေတယ်လို့ ပြောရမလား. . .

သူဟာ တစ်ခြားသူတွေနဲ့ မတူပဲသွားပုံလာပုံ နေပုံထိုင်ပုံတွေကစစ်သားတစ်ယောက်လိုပဲ။

စရိုက်ကလည်း မတရားတာမြင်ရင်လက်ပိုက်ကြည့်မနေနိုင်တဲ့ စရိုက်မျိုး။

တစ်ကြိမ်မှာ အာဖရင်းကို လူဆိုးလူရမ်းကားတွေလက်ကနေ သူကယ်ခဲ့ဖူးသေးတယ်။

တောင်တက်ရတာကို ဝါသနာပါတဲ့သူ့မှာဟိမဝန္တာတောင်ကို တက်ချင်တဲ့ အိပ်မက်လည်း ရှိတယ်။

စစ်သားလည်း ဖြစ်ချင်တော့ကျောင်းပြီးတာနဲ့ တပ်ထဲကို ဝင်လျှောက်တယ်။

ကပ္ပတိန်အဖြစ် ရာထူးခန့်အပ်ခံရပြီးတာဝန်ကျရာ ဒေသကို မသွားရခင်လေးမှာ သူငယ်စဉ်က မက်ခဲ့ဖူးတဲ့ အိပ်မက်ကိုဖြည့်ဆည်းဖို့ ဟိမဝန္တာတောင်ကို တက်ဖို့ကြိုးစားတော့တာပဲ။

သူ့အိပ်မက်ထဲမှာ ဟိမဝန္တက လူတစ်ယောက်ကိုပေးထားတဲ့ ကတိအကြောင်း ပါနေတာကိုး။

အဲ့ဒီတစ်စုံတစ်ယောက်ကိုပေးခဲ့တဲ့ ကတိက "ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ငါအရောက်ပြန်လာခဲ့မယ်"တဲ့။

ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ နှင်းတွေကြားထဲကနေ ဟိမဝန္တာတောင်ကို တက်ခဲ့ကြတယ်။

အဲ့ဒီမှာ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာ တစ်ခုတွေ့မြင်လိုက်ရပါတော့တယ်။

1971 ခုနှစ် အိန္ဒိယ - ပါကစ္စတန် စစ်ပွဲကာလကိုအခြေခံထားတဲ့ သနားစရာ အချစ်ဇာတ်လမ်းလေးတစ်ခုပေါ်ထွက်လာဖို့ ဖြစ်လာခဲ့ပါတယ်။

ဒီနှစ်နိုင်ငံနှစ်ခု သဘောထားကွဲလွဲပြီးဘာသာရေးကစလို့ မီးခိုးကြွက်လျှောက်ပြသနာတွေတန်းစီတက်ရာကနေစစ်မီးကြီး ဟုန်းဟုန်းတောက်ခဲ့တဲ့ ကာလတစ်ခုမှာပေါ့။
-------------------------------

ပထမပိုင်းမှာ ဒီအကြောင်းကို ရိုက်ပြအပြီး ဒါရိုက်တာကစစ်ကြီးပြီးဆုံးသွားတဲ့ မျက်မှောက်ခေတ်ကို ရိုက်ပြပြန်တယ်။

လောကကြီးထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်ပေါင်းများစွာရှိတဲ့ အနက်က. . .တချို့သော အကြောင်းအရာတွေကို အခြေခံပြီးဇာတ်အိမ်တည်ထားပါတယ်။

ဇာတ်လမ်းလေးကို အဆုံးထိကြည့်လိုက်ရင်တော့. . .ဒီဇာတ်လမ်းမှာ သနားစရာတွေ၊

ဆို့နင့်ကြေကွဲစရာတွေ၊ဘာသာရေးနဲ့ ပက်သက်တဲ့မှားယွင်းတဲ့ အတွေးအခေါ်တွေ စတဲ့ အကြောင်းအရာများစွာကိုနားလည် ခံစားမိစေပါလိမ့်မယ်။


ဇာတ်ကားကြည့်ရန် 👇👇


https://t.me/bollywoodmovie789/228
https://t.me/bollywoodmovie789/228


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

25 Sep, 12:18


COMMANDO (1) (2013)


ဒီတခါတော့...
Bollywoodပရိတ်သတ်တွေအတွက်
အလန်းစား စတန့်တွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းလေးကို
တင်ဆက်ပေးထားပါတယ်။ဒီကားတွေရဲ့ မင်းသား ဗီရွတ်ဂျမာဝဲလ်က စတန့်ခန်းတွေကို ကိုယ်တိုင်ကြိုးစားသရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့့့့့့့

အိန္ဒိယစစ်တပ်ရဲ့ အထူးတပ်သားတွေဟာ လေ့ကျင့်ရေးဆင်းရင်း
မုန်တိုင်းမိပြီး တရုတ်နယ်စပ်မှာ လေယာဉ်ပျက်ကျခဲ့ပါတယ်။
တပ်သားတွေထဲက ကရန်ဟာ တရုတ်စစ်တပ်ရဲ့ ဖမ်းစီးခြင်းကိုခံခဲ့ရပြီး
တရုတ်အစိုးရကလည်း သူ့ကို စပိုင်တယောက်လို့ထင်ပြီး အမျိုးမျိုးညဉ်းပန်းနှိပ်စက်ပြီး စစ်ကြောပါတော့တယ့့်တဖက်မှာလည်း အိန္ဒိယအစိုးရက နိုင်ငံရေးပြသနာတွေတက်မှာစိုးလို့
သူ့ကို မကယ်တော့ပါဘူ့့း့့တရုတ်လက်လွတ်မြောက်ဖို့ ကြိုးစားခဲ့ရတယ့် ကွန်မန်ဒို တပ်သားကရန်ဟာ
နယ်စပ်မှာ ဂိုဏ်းစတားတယောက်လက်က ထွက်ပြေးနေရတယ့် မိန်းကလေးတယောက်ကို ကူညီပေးလိုက်ရင်း ပြသနာအကြီးအကျယ်တတ်ပါတော့တယ်။ဂိုဏ်စတားတွေလက်ထဲက မိန်းကလေးကို ကရန်တယောက် ဘယ်လိုကယ်တင်မလဲဆိုတာတော့
ပရိတ်သတ်ကြီးပဲ ကြည့်လိုက်ပါတော့အက်ရှင်ကြိုက် ပရိတ်သတ်တွေအနေနဲ့ လက်အလွတ်မခံသင့်ပါဘူး


ဇာတ်ကားကြည့်ရန် 👇👇


COMMANDO (1) (2013) 👇

https://t.me/bollywoodmovie789/193
https://t.me/bollywoodmovie789/193

COMMANDO (2) (2017) 👇

https://t.me/bollywoodmovie789/198
https://t.me/bollywoodmovie789/198

COMMANDO (3) (2019) 👇

https://t.me/bollywoodmovie789/205
https://t.me/bollywoodmovie789/205

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

25 Sep, 12:18


Memories of the Sword (2015)

IMDb – 6.3/10
Rotten – 75%
အလယ်ခေတ်ကိုရီးယား(ဂျိုရိုမင်းဆက်)မှာ Deok-ki , Poong-chun နဲ့ Seol-rang ဆိုတဲ့စစ်သူရဲကောင်းသုံးယောက် Kitan  တရုတ်ဆီကအကူအညီယူပြီးဘုရင်ကိုဆန့်ကျင်ဖို့ကြိုးစားခဲ့တယ်။
ဒါပေမဲ့ Deok-ki သစ္စာဖောက်ပြီး Poong-chun သေခဲ့ရပေမယ့်Seol-rang က Seol-hee ( Poong-chun သမီး) ကိုခေါ်ပြီးလွတ်မြောက်သွားခဲ့တယ်။
၁၈ နှစ်ကြာပြီးတဲ့နောက် Seol-rang မျက်လုံးမမြင်တော့ပေမဲ့ Seol-hee ကိုလက်စားချေဖို့သေချာပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။
ဒီအချိန်မှာ Deok-ki ကလဲတစ်နိုင်ငံလုံးမှာ အာဏာအကြီးဆုံးရှိတဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်။
Seol-hee ရင်ဆိုင်ရမှာက ဂျိုရိုမင်းဆက်က အာဏာအကြီးဆုံးလူတွေ စစ်သည်တော်တွေနဲ့ရင်ဆိုင်ရမဲ့အခါ...



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/flexx695321/152
https://t.me/flexx695321/152



ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

25 Sep, 12:18


Parasyte: Part 1 (2014)

Parasyte ဟာ Iwaaki Hitoshi ရဲ့ ၁၉၈၈ခုနှစ်ကနေ ၁၉၉၅ခုနှစ်ထိ အခန်းဆက်ရေးသားခဲ့တဲ့ Sci-fi horror မန်ဂဇာတ်လမ်းတွဲဖြစ်ပြီး၊ ဇာတ်လမ်းရဲ့ ထူးခြားတဲ့တင်ပြပုံနဲ့ body horror ကို အသားပေးဖော်ပြမှုကြောင့်နာမည်ကြီးတဲ့ မန်ဂဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခဲ့မှုကြောင့် အမေရိက နဲ့ နိုင်ငံတကာမှာ အတော်လေးအောင်မြင်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်မှာတော့ ဇာတ်ခုံပေါ်တစ်ဖန်ပြန်တက်လာခဲ့ပါတယ်။ ၂၀၁၄ခုနှစ်မှာ TOHO ကနေ အပိုင်း၂ပိုင်းပါဝင်တဲ့ Live-action ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးရုံတင်ဖို့ ကြေညာခဲ့ပြီး၊ ၂၀၁၄ ခုနှစ်ထဲမှာပဲ MADHOUSE စတူဒီယိုကနေ ရိုက်ကူးတဲ့ Anime ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့ပါသေးတယ်။ အစကတော့ ၂၀၀၅ခုနှစ်ကတည်းက ဒီဇာတ်လမ်းကို ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းရိုက်ကူးဖို့ဝယ်ယူထားတာက ဟောလိဝုဒ်ရုပ်ရှင်လုပ်ငန်းတစ်ခုဖြစ်တဲ့ New Line Cinema ဖြစ်ပေမယ့် မရိုက်ဖြစ်လိုက်ရပဲ ၂၀၁၃ခုနှစ်ထဲမှာ သက်တမ်းကုန်သွားတဲ့အတွက် ကံကောင်းထောက်မစွာ အနောက်တိုင်းမှုပြုထားတဲ့(ညံ့မှာသေချာတဲ့)ဇာတ်ကားမထွက်ရှိလိုက်ပဲ အခုလို ဒါရိုက်တာ Yamazaki Takashi ရဲ့ Live-action ဇာတ်ကားအဖြစ် ကြည့်ရတာ ဖြစ်ပါတယ်။



ဇာတ်ကားကြည့်ရန် 👇👇



Parasyte Part 1 ( 2014 ) 👇

https://t.me/akaungkarmyar/120
https://t.me/akaungkarmyar/120


Parasyte: Part 2 (2015) 👇

https://t.me/akaungkarmyar/122
https://t.me/akaungkarmyar/122


ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

အိန္ဒိယစာတန်းထိုးဇာတ်ကားများ

21 Sep, 14:09


777_Charlie_2022

မျက်ရည် လွယ်သူများ မကြည့်ပါနဲ့ 🙅

Review 👇
လူတစ်ယောက်ကို ပြောင်းလဲစေတာက
အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...

ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး
တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"

ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ
ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်

အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ခွေးလေးတစ်ကောင်

အဲဒီခွေးလေးကို သူမမွေးချင်လို့မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး
ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်

သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကိုအမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့

လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်း အားကြီးတယ်ဆိုတဲ့အကြောင်း ရိုက်ကူးပြသထားတဲ့မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့်ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်



ဇာတ်ကားကြည့်ရန် 👇👇


https://t.me/bollywoodmovie789/169
https://t.me/bollywoodmovie789/169



ကြိုက်တဲ့ရုပ်ရှင်ကားများကိုVipကြေးမလိုပဲFreeကြည့်ဖို့Joinပေးထားကြပါဗျ 👇👇


🎥 Free Movie Channel နှိပ်ပါ 👈
🎥 Free Movie Channel နှိပ်ပါ 👈

343,059

subscribers

5,534

photos

1,511

videos