Pyae Phone - GYS 📚

@grabyoursuccess


Personal development blog

Pyae Phone - GYS 📚

22 Oct, 13:33


ဒီမှာပဲ ဆက်နေကြမလား နိုင်ငံခြား ပဲ သွားရမလား 🤔🤔🤔
ဝေခွဲရခက်နေပြီဆိုရင်တော့
ဘာတွေသိထားသင့်မလဲဆိုတာကို ပြောပေးထားပါတယ်
အောက်က Link ထဲကိုဝင်ပြီးကြည့်ကြည့်ပါဗျ..
.
https://www.facebook.com/grabyoursuccess/videos/1085142756472529

Pyae Phone - GYS 📚

22 Oct, 11:04


အခုက တော်တော် လွယ်သွားပြီ ...
တစ်ခုခုလိုချင်ရင် အရင်တုန်းက လို
စာတွေအများကြီးရှာဖတ်ပြီးစဉ်းစားစရာသိပ်မလိုတော့ဘူး
Generative AI တစ်ခုခုကိုမေးပြီး Up-to-date
Data Confirm လုပ်လိုက်ရင် ကိုရနေပြီ
ဆိုတော့နေ့စဉ်အလုပ်တွေမှာဒီလို သေးသေးလေးတွေကအစ
ထည့်သုံးမနေဘူးဆိုရင်‌ နောက်ကျကျန်ခဲ့လိမ့်မယ် ...
နေ့တိုင်း AI နဲ့ပတ်သတ်တာ တစ်ခုခုလေ့လာဖြစ်နေပြီလား
ကိုယ့်ကိုယ်ကိုပြန်မေးဖို့လိုမယ်

Pyae Phone - GYS 📚

21 Oct, 13:32


Leader တစ်ယောက်အတွက် အရေးကြီးတဲ့
Soft skill တွေအကြောင်းကို ဝေမျှပေးဖို့ရှိပါတယ်
.
NextGen Impact မှာ ပြုလုပ်ပေးနေတဲ့
Empowerment Exchange Episode - 4 မှာ
ဒီအပတ်အတွက် Guest Speaker
အနေနဲ့ ပါဝင်သွားမှာပါ 🥳

====
Event date - Oct 22
Time - 7:30 pm to 9pm
Event လေးကို တက်ဖို့အတွက် ဒီ link လေးကို join ထားဖို့လိုတယ်နော်
https://t.me/empowermentexchangengi

Pyae Phone - GYS 📚

20 Oct, 12:07


AI က ခိုင်းစားလို့ရပြီလား ... 💻
<><><><><><><><>
ဆိုတော့က မနေ့က အကြံပေါ်တယ်
ပုံမှန် စာရေးမယ်ဆို နှေးလို့ များများနဲ့
မြန်မြန်ရေးဖို့ AI သုံးမယ်ပေါ့ ဆိုပြီး
AI မျိုးစုံနဲ့ စမ်းကြည့်တယ် ...
တော်တော် နီးစပ်နေပြီပြောရမယ် ဒါပေမဲ့လေ
ပြဿနာလေးတွေ ရှိနေသေးတယ်....
ဒါကြောင့် ကိုယ်တွေ ကိုယ်တိုင်ပဲ
ဆက်ရေးဖြစ်နေဦးမယ်ထင်တယ်ဗျ
ဒါပေမဲ့အခုပြောတဲ့ ပြဿနာလေးတွေ
ရှင်းနိုင်ပြီဆိုရင်တော့ တော်တော် အဆင်ပြေလာမယ်

၁။ သဘာ၀ မကျ ဘူး
စာဆန် တာနဲ့ စကားပြောဆန်တာနဲ့ တစ်ခုဆိုတစ်ခုထဲ
ဖြစ်မနေပဲနဲ့ရောနေတာမျိုး၊ စာလုံးတွေက တစ်ခါတစ်လေ
အဓိပ္ပါယ်မရှိတာမျိုး ဖြစ်နေသေးတယ်

၂။ Voice/ Tone မတူသေးဘူး
AI ကို လေ့ကျင့်ပေးတယ် ဒါပေမဲ့
ထင်သလောက် ကိုယ်တွေ Tone မပေါက် ဘူး
ကိုယ်တွေ ရေးတဲ့ စာလုံးတွေ သူမသုံးနိင်သေးဘူးဆိုရမယ်

၃။ Emoji တွေထည့် သုံးတယ် ဒါပေမဲ့
ဘာတွေ သုံးနေမှန်းမသိဘူး၊ အပ်စပ်မှုမရှိဘူးပြောရမယ်

၄။ Authenticity မရှိဘူး ကိုယ်တွေက real experience တွေကိုရေးတယ်
AI ကတော့ လုပ်ကြံဖန်တီးမှုတွေပေါ့ဗျာ ။ အဆိုးစုံက
အဲ့တာကြီးကဖတ်လိုက်ရင် သိသာနေတာပဲ 🤣

၅။ မြန်မာစာကို နားမလည်အောင် ရေးမိနေတာတွေရှိတယ်
ဥပမာ "တော်ကြောတာ များနေတယ်" ဆိုတာမျိုးပါတယ်
ဘာရေးထားမှန်းမသိဘူး 😅

ဒါပေမဲ့ Life အကြောင်း သူရေးထားတာလေးတစ်ခု
သဘောကျတာရှိလို့
ဘာမှမပြင်ပဲ ပြန်ရေးပေးထားလိုက်မယ်
------------------------
" ကြာလာတော့ သဘောပေါက်လာတယ်
ဘဝဆိုတာ မြစ်ကြီးတစ်စင်းလိုပဲ
ရေစီးကြောင်းက ဘယ်ရောက်မယ်မှန်း မသိဘူး
ဒါပေမယ့် စီးနေရုံပဲရှိတယ်...
နောက်ဆုံး ပင်လယ်ကိုတော့ ရောက်မှာပဲ 🌊"

Pyae Phone - GYS 📚

10 Oct, 13:32


English Basic Speaking
3 ရက် Free Training
ရှိတယ်...
စိတ်၀င်စားတဲ့သူ​တွေရှိကြလား ??

Pyae Phone - GYS 📚

09 Oct, 13:33


ပစ္စည်းတစ်ခုမဝယ်ခင် ဘာစဥ်းစားရမလဲဆိုတာ
သိချင်ရင်တော့ အောက်က link ကတစ်ဆင့်ဝင်ကြည့်ကြည့်ဗျာ..
.
https://www.facebook.com/reel/504766639037169

Pyae Phone - GYS 📚

09 Oct, 03:19


စာ​​တွေပြန်​ရေးဖြစ် မယ် ကြံတုန်း
ခရီးထွက်ဖြစ်သွားတာနဲ့
​ရေးဖို့ ပြန်ကြာဦးမယ် 😅😅

Pyae Phone - GYS 📚

08 Oct, 13:33


ငယ်ငယ်တုန်းက စိတ်ထဲ အခက်ခဲဆုံးက 😖
စာမေးပွဲပဲ ... အခုထိ အိပ်မက်ထဲ
စာမေးပွဲဖြေရတော့မယ်ဆိုတာမက်ပြီး မဖြေနိုင်ရင်
လန့်တောင်နိုးတယ် ...
၁၀ တန်း ပြီးသွား တော့ တက္ကသိုလ်မှာ
Roll-Call မပြည့်တဲ့အခါ စိတ်ရှုပ်ရတယ် 😞
သူငယ်ချင်းတွေ နဲ့ အဆင်မပြေရင် အာရုံနောက်ရတယ်
ကျောင်းစာ ထက်ကို အပြင် Activity တွေ
ပါဝင်လို့ မရတာမျိုးဆို ခေါင်းခဲရတယ်
တက္ကသိုလ်ပြီးခါနီး ကျတော့ အလုပ်အတွက်
တစ်ခါ တွေးပူရပြန်တယ် ။ လိုအပ်တဲ့သင်တန်းတွေ
တက်ဖို့ တွေ။ မဆိုင်တွေတွေတက်မိမှာတွေ
လမ်း အလွဲတွေ လျောက်မိမှာတွေ။ 🫠
အလုပ် လျောက်တဲ့အခါ မရတာတွေ
အင်တာဗျူးအဆင်မပြေတာတွေ အကုန်ပေါ့ဗျ
လုပ်ငန်းခွင်ထဲရောက် ပြန်တဲ့အခါကျရင်လဲ
ကိုယ်တာဝန်ယူတာတွေ မလုပ်နိုင်မှာတွေ
ပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်မှာတွေ
Task တွေ Project တွေ အလွဲအလွဲအမှားမှားတွေနဲ့
နေ့တိုင်းလိုလို ရင်ပူရပြန်တယ်
ဒါတင် မပြီးသေးဘူး လူမှုရေးကိစ္စတွေ ကလဲရှိသေး
ကိုယ့် အပေါင်းအသင်းတွေ Partner အပြင်
မိဘ အသိုင်းအ၀ိုင်းတွေ ကနေ ထားထားတဲ့ မျှော်လင့်ချက်
တွေ ကိုယ်ကိုတိုင် ရည်မှန်းထားတာတွေ ရဖို့
မသေချာ တဲ့ အနာဂတ်တွေ နဲ့ တိုင်ပတ်ရပြန်ကော 🫥
.
ကျွန်တော့ page က မိတ်ဆွေတွေအနေနဲ့
အခုပြောတဲ့အထိတော့ကြုံဖူး ဒါမှမဟုတ် ကြုံနေပြီထင်တယ်...
စိတ်မကောင်းစွာနဲ့ ပြောရမှာကလေ
ဒါတွေနဲ့မပြီးဘူးသိလား ... 😅😅
ကိုယ်က လုပ်ငန်းခွင်ထဲမှာ Senior/Management ဖြစ်သွားရင်
ထမ်းရမဲ့ ပြဿနာတွေက ပိုကြီးလာသလို
အိမ်ထောင်သည်တစ်ယောက် ဖြစ်သွားရင် ယူရမဲ့ တာဝန်တွေကလဲ
ပိုကြီးလာတယ် ဗျ 😳
ဒါ့အပြင် မိဘတွေက အသက်ကြီးလာလို့ ကျန်းမာရေးကိစ္စတွေ
ရှိလာပြီဆိုရင်လဲ စိုးရိမ်မှုတွေက အခုထက်ပိုနေဥိးမှာပဲ ....
.......
အနှစ်ချုပ်ပြောချင်တာက
ကျွန်တော်တို့ဘာကို အာရုံစိုက်ပြီး
စိတ်ထဲမှာထားမလဲဆိုတာပဲ
- စာမေးပွဲတွေအစား
ဘောဒါတွေနဲ့ ပျော်ခဲ့တာတွေလဲရှိတာပဲ
- တက္ကသိုလ်မှာ ခြံခွကျော်ပြီး ကျောင်းလစ်ခဲ့
တာတွေ ကမှ တစ်ကယ်မေ့မရနိုင်တာပဲ
- သင်တန်းတွေ တက်ပြီး သူငယ်ချင်းအသစ်တွေနဲ့
ခရီးသွားခဲ့ရတာတွေက လဲဖျောက် မရတဲ့ အမှတ်တရတွေပဲ
- အလုပ်ကသင်ပေးလိုက်လို့ အခုအချိန်ထိ
ဘ၀အတွက်လိုအပ်တဲ့ Skills တွေနဲ့အဆင်ပြေနေတာလဲ
ကျေးဇူးတင်စရာတွေပဲ
.
Positive အနေနဲ့ ပြောစရာတွေအများကြီးမှ အများကြီးပဲ
ကျွန်တော်တို့ မြင်တဲ့ ရှုထောင့်ကြောင့်
ကျွန်တော်တို့စိတ်ခံစားချက်တွေက
အများကြီး ပြောင်းလဲသွားနိုင်တယ်လေ 😇

Pyae Phone - GYS 📚

06 Oct, 01:00


Live တွေ Seminar တွေ မလုပ်တာကြာပြီ ...
တစ်ခါတစ်လေလဲ လုပ်ချင်တယ်
Sharing တွေမလုပ်တာ ကြာပြီ ကိုယ့်ဖာသာပဲ
Learning တွေလုပ်နေတာနဲ့ Operation ထဲမျောနေတာနဲ့
အဓိက ကတော့ အင်တာနက် ကအဆင်မပြေတာနဲ့
Fb ကလဲ Reach သိပ်မရောက်တော့ တာနဲ့ ရှေ့မရောက်တော့ဘူး 😆😆
Fb သုံးပြီး ကျွန်တော့ page ကို မြင်နေသေးတဲ့သူ
ဘယ်သူတွေရှိသေးလဲဗျ. ..

Pyae Phone - GYS 📚

05 Oct, 13:32


မိတ်​ဆွေတို့ အ​နေ နဲ့ လက်ရှိ
ထိုင်းနိုင်ငံ Bangkok မြို့ကို
​ရောက်​နေတဲ့ သူ​တွေ ရှိကြလား
ဒီလထဲ Event တစ်ခု လုပ်ဖို့ စီစဥ်ထားလို့ 😇😇

Pyae Phone - GYS 📚

03 Oct, 03:04


ကိုယ်စိတ်ညစ်နေတာ ကိုယ့်ရဲ့
အတွေးတွေကြောင့်ပဲဗျ ...
----------------------------
ဒီလိုပဲ တွေးကြည့်ဗျာ
ကျောင်း အသစ်တစ်ခုတက်ရတော့မယ်
လူသစ်တွေနဲ့တွေ့တော့မယ် ...
ငါကစကားပြောသိပ်အဆင်မပြေဘူး
လူတွေက ငါ့ကိုတစ်မျိုးထင်ရင်ဘယ်လိုလုပ်မလဲ
တစ်ကယ်လို့သာ တစ်မျိုးထင်ရင်
ငါ Semester တစ်ခုလုံး တိုင်ပတ်တော့ မှာ
ဆိုပြီးတွေးတာမျိုးပေါ့ ...။
တစ်ကယ်တော့ ဗျာ ကျောင်းတောင်မရောက်သေးဘူး
ကျွန်တော်တို့ ရဲ့ Anxiety Level က So High နေပြီ ။
.
ဒါတွေက အတွေးတွေကြောင့်ပဲစိတ်ညစ်ရတာ ...။
အနာဂတ်အတွက် တွေးပူတယ်ဆိုတာက တော်သေးဗျ
မဖြစ်လာသေးတော့ ကြိုပြင်ဆင်မှုဆိုတာအတွက် အကျိုးရှိတယ်
ပိုဆိုးတာက အတိတ် ကို တွေးပြီး စိတ်ညစ်တတ်တာပဲ ...
.
ကျွန်တော်လဲ အရင်တုန်းက ဆို ဖြစ်ပြီးတာတွေ ကို
စဉ်းစားပြီး ဘာမှဆက်မလုပ်ချင်တော့ဘူး
ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုပြီးတွေးဖူးတယ်...
တစ်ကယ်ကလေ အတိတ် မှာဖြစ်ခဲ့တဲ့အရာတွေဆိုတာ
အိတ်မှာကျန်ခဲ့ပြီ ဘာမှလဲပြောင်းလဲလိုမှမရတော့တာ လေ ...
တစ်ကယ်တော့ Rumination (အတိတ်အကြောင်းပြန်တွေးနေခြင်း) ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာဟာ အတိတ်ထဲမှာ စွဲကပ်ပြီး ဘာမှမပြောင်းလဲနိုင်တဲ့ အခြေအနေကို စဉ်းစားလေ့ရှိတဲ့အခြေအနေ မျိုးဗျ။ အတိတ်ကို ထပ်တွေးနေရင် စိတ်ဖိစီးမှု၊ စိတ်ပျက်မှုများ ပိုမိုတိုးပွားပြီး အသက်အရွယ် ကြီးလာတာနဲ့အမျှ စိတ်ကျရောဂါဖြစ်နိုင်ခြေ များလာရော။
.
အထူးသဖြင့် အခုအချိန်က လူတိုင်း Sensitive ဖြစ်လွယ်တဲ့ အချိန်ဆိုတော့
ကိုယ့်ကိုယ် ကို ပိုပြီး ဂရုစိုက်ဖို့လိုတယ် အနှစ်ချုပ်ကတော့ ဗျာ
အနာဂတ်မှာ အာရုံစားဖို့ တွေ အများကြီးလာဦးမှာဖြစ်တဲ့အတွက်
အတိတ် ကို အတတ်နိုင်ဆုံး လျော့တွေးဖို့ပါပဲ ။
ဒါနဲ့ပတ်သတ်ပြီး Neuroplasticity
အကြောင်းလေ့လာဖို့ လဲတိုက်တွန်းပါတယ်

Pyae Phone - GYS 📚

30 Sep, 08:41


တစ်ချို့ အရာတွေ ကအပေါ်ယံကြည့်ရင်
လွယ်လွယ်လေးဆိုပြီး
လူတွေကို မကဲ့ရဲ့မိဖို့လိုတယ် ..
---------------
ငယ်ငယ်တုန်းက စာမတော်တဲ့သူဆို
အထင်သေးခဲ့တာမျိုးရှိတယ်
ကိုယ်တွေက ကလေးဆိုတော့ နားမလည်သေးလို့
ဆိုပေမဲ့ တစ်ချို့မိဘ တွေကိုယ်တိုင်က အစ
ဆရာမတွေ ပါတစ်ခါတစ်လေပါတယ်
စာမရတဲ့ ကလေးဆိုရင် သိပ်နေရာမပေးတာမျိုးပေါ့
ဆူတာဆဲတာတွေ ပါလာတော့ ကလေးက
သိပ်မျက်နှာငယ်ရတာ
တစ်ကယ်က စာမတော်တဲ့ကလေးဟာ
သူ မနက် ကျောင်းမလာခင် သူ့အမေ စျေးထွက်လို့
လိုက်ကူပေးရတာမျိုး သူကျောင်းပြန်သွားရင်
သူ့ညီလေးညီမလေးတွေကို ထိန်းကျောင်းပေးရတာမျိုး
သူ့အိမ်မှာ မီးမလာ၊ အင်ဗာတာ လဲ မတတ်နိုင်လို့
တစ်အိမ်လုံး ဖယောင်းတိုင်လေးတစ်တိုင်နဲ့ စာလုပ်ရခက်လို့
စာမလိုက် နိုင် တာမျိုး ကျောင်းစာကို အာရုံ စိုက်လို့
မရတာမျိုးတွေကြောင့် ကျောင်းမှာ စာမတော်တာမျိုး
ဖြစ်နိုင်တာပဲလေ။
သူဉာဏ်မကောင်းလို့မှမဟုတ်တာ။
အဲလိုဖြစ်တဲ့ လူတွေထဲက ကြီးလာတော့
မခံနိုင်တဲ့စိတ်တွေနဲ့ကြိုးစားပြီးပြောင်းလဲ
သွားတာတွေလဲအများကြီး။
Life is a long Game ပဲ လူတစ်ယောက်က
တစ် ခဏတာမှာ အသုံးမကျတာကြောင့်
သူ့ကို ကဲ့ရဲ့လို့မရဘူး သူ့ကြောင့်မဟုတ်ပဲ
သူ့အခြေအနေကြောင့် အသုံးမကျတာလဲဖြစ်နိုင်တယ်
ဒီနေရာမှာ ကိုယ်က စာမလိုက်နိုင်တဲ့ ကလေး ပုံမျိုးဖြစ်နေရင်
စိတ်ဓာတ်မကျမိဖို့လိုတယ်။
ကိုယ်အခက်ဖြစ်နေတဲ့အချိန် ကာလတစ်ခု
( ၁ လ လဲဖြစ်မယ် ၊ ၁ နှစ်လဲဖြစ်မယ်)
ထဲမှာကဲ့ရဲ့တဲ့လူတွေရှိနေရင်လဲ သိပ်ဖီးလ်မနေနဲ့
Long Term မှာ ဒီ Game ကို ကောင်း ကောင်းကစားသွားနိုင်ဖို့ပဲစိတ်ထဲထား။

Pyae Phone - GYS 📚

30 Sep, 02:32


တစ်ခါတစ်​လေ
ကိုယ်လုပ်ချင်​ပေမဲ့ ဘာလုပ်လို့
လုပ်ရမှန်းမသိ ဆက်လို့မရ
Stuck ဖြစ်သွားတာမျိုး ရှိတယ်
အဓိကပြသနာ ၂ ခု​​ပေါ့
၁. က အာရုံစိုက်မရတာ
၂. က Mood မပါ​တော့တာ
ဥပမာ စာကျက်​နေရင်း မကျက်ချင်​တော့တာမျိုး
အလုပ်လုပ်​နေရင် ဘာမှ
မလုပ်ချင်တော့ပဲ လူက
စိတ် မပါ ​တော့တာ
ဒါမှမဟုတ် စာ​ရေးရင်း တန်းလန်းကြီး
Idea မထွက်​တော့တာ... အမျိုးမျိုး​ပေါ့
.
ဆို​တော့ အဲ့လိုဖြစ် တဲ့ အခါ ပြုပြင်​ပြောင်းလဲ လို့ရတဲ့နည်း အမျိုး အမျိုး ရှိတယ်...
ပထမ ဆုံးတစ်ခုက Short Physical Exercise
​ပေါ့ ​ကောက်ထပြီး ကိုယ်လက်လုပ်ရှား လိုက်
၁၀ မိနစ်​လောက် ​ပေါ့
အဲ့ခါကျရင် စိတ်နဲ နဲ ​ပေါ့ သွားပြီး
အာရုံပြန်စိုက် လာနိုင်မယ်
​နောက်တစ်ခု က ရည်ရွယ်ချက်တူ ပြီး လုပ်​ဆောင်မှု ​ပြောင်းတာ တစ်ခုခု လုပ်လိုက်လို့ရတယ်
ငယ်ငယ်တုန်းက စာကျက်ရင်းပျင်းလာရင်
သချ်ာတွက်လိုက် တာမျိုး​ပေါ့
အခုဆို Content ​ရေးရ ပျင်းရင်
Design Creation ဖက် ကူးလိုက်တယ်
​အ​ပြောင်းအလဲ ​လေးဆို​တော့
လူက မအီ​တော့ဘူး​ပေါ့ ....
​နောက်ဆုံးတစ်ခုက Intrinsic motivation
ထုတ် ဖို့ လုပ်တာ ​ပေါ့
ကိုယ့်ရဲ့ Ambition ကိုပြန်​တွေးတာ
Goals ​တွေကို ပြန်စဥ်းစားတာ
Achievement ​တွေရဖို့
Desire ​တွေကို အသက်သွင်းဖို့
Target ​တွေပြန်သတ်မှတ်တာ
တစ်ခုခု​ပေါ့ဗျ...
ဒီ သုံးခု ကိုလုပ်ဖြစ်​အောင် လုပ်ပြီး
စမ်းကြည့် ပါ...
အခုအချိန်က​လေ ဘာမှ မလုပ်ချင်ဘူးဆိုပြီး
ထိုင်​နေရင် ပိုပို တိုင်ပတ်လာမယ်...
တစ်ကယ်တန်း Problem အကြီးကြီး​တွေ
ရင်ဆိုင်လာရရင်
ကိုယ့် မှာ ကိုယ်ပဲ ရှိတာ​လေ 😅😅

Pyae Phone - GYS 📚

29 Sep, 13:31


ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်
ကိုယ့်ရဲ့ Passion ကိုလုပ်ဆိုတာ
တစ်ကယ်ဗျ
ကျွန်တော့ အတွက်က ကြာလေမှန်လေပဲ ...
------------------------
တစ်ခုတော့ရှိတာပေါ့ လုပ်ငန်းလုပ်တာရည်ရွယ်ချက်က
ငွေရှာဖို့ ဆိုရင်တော့ တမျိုးတစ်ဖုံပြောင်းသွားနိုင်တယ်
မဟုတ်ပဲ Life ကို Fulfil ဖြစ်ဖို့အတွက်
လူတွေ အကျိုးပြုဖို့အတွက်
ပြဿနာတွေ ဖြေရှင်းဖို့ အတွက်ဆိုရင်တော့
Passion ရှိတာကိုလုပ်တာ ပိုအလုပ်ဖြစ်တယ်ဗျ
.
တစ်ကယ်တော့ ကျွန်တော် စာမရေးတာ
၃ လလောက်ရှိပြီ ... မရေးချင်တာထက်
ရေးဖို့ ဦးစားမပေးဖြစ်တာ
အလုပ်တွေပဲ ဇွတ်လုပ်ဖြစ်နေတာပေါ့။
ဒါပေမဲ့ မရေးပဲ နေမယ်ဆုံးဖြတ်ထားသော်လဲ
မရေးပဲမနေနိုင် အခုထရေးပြီ ...
.
ဒါဟာ အပေါ်မှာပြောခဲ့သလို
ကျွန်တော်က Knowledge Sharing ကို
အင်မတန် လုပ်ချင်နေလို့ကိုလုပ်တာ
ဘယ်သူမှမဖတ်လဲ ဆက်ရေးနေလိမ့်မယ် 🤣🤣
ခုလောလောဆယ် ရေးချင်နေတဲ့အကြောင်းက
စီးပွားရေး ... အခုအချိန် စလို့ကောင်းတဲ့အတွက်
မဟုတ်ပေမဲ့ စပြီးရပ်မရတဲ့သူတွေနဲ့
နောက် နောင် စဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေအတွက်
ရေးသွားဖို့တွေရှိတယ် ...
ဆိုတော့ ပြောချင်တာ အဲ့တာပဲ ....
စီးပွားရေးတွေ လုပ်ပြီး ကိုယ်တစ်ယောက်ထဲကြိတ်သိနေလဲ
လူတွေအတွက် အကျိူးမရှိဘူးလေ ဟုတ်တယ်မှတ်လား ...

Pyae Phone - GYS 📚

26 Sep, 13:04


ကျွန်တော်တို့ GYS မှာ
ထိုင်းစာ Freelance Teacher အပါအဝင်
Part-time Teacher အလုပ်တွေခေါ်နေပါတယ်ဗျ ... Link မှာကြည့်ပေးနော် ..
.
https://www.facebook.com/share/p/k9az5Ya427vSh1q2/

Pyae Phone - GYS 📚

21 Sep, 12:32


ဒီစာအုပ် ၃ အုပ်ကနေစကြမယ်..
.
https://www.facebook.com/reel/877229934337476

Pyae Phone - GYS 📚

11 Sep, 08:40


ဘာသာစကားအများကြီး လေ့လာသင့်လား ?
.
https://www.facebook.com/reel/541943725169624

Pyae Phone - GYS 📚

10 Sep, 03:46


Language တစ်ခုထဲကို မမှီခိုဖို့လိုတယ်
အသေးစိတ်သိချင်ရင်‌အောက်က Link ထဲကိုဝင်ကြည့်ပေးနော်။
.
https://www.facebook.com/reel/1700937904004433

Pyae Phone - GYS 📚

06 Sep, 13:03


GYS ကကျောင်းသားတွေအနေနဲ့
ကိုယ့် profile အကောင့်မှာ Studied at GYS ထည့်ချင်တယ်ဆိုရင်
ဘယ်လိုထည့်ရမလဲဆိုတာ သိပြီးကြပြီလား ❓

Pyae Phone - GYS 📚

05 Sep, 03:55


ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့တွေးနေတဲ့လူတစ်ယောက်လား
ဒါဆိုရင်တော့ အောက်က Link ထဲက Video ကိုကြည့်သင့်ပြီနော်
.
https://www.facebook.com/reel/868380441896864

2,073

subscribers

26

photos

12

videos