ဟင်းချက်နည်း မုန့်လုပ်နည်း

@cook018


အားလုံးပဲ မင်္ဂလာပါ

ဟင်းချက်နည်း မုန့်လုပ်နည်း

18 Mar, 11:47


#ကုက္ကိုရွက်သုပ်
ကုက္ကိုလ်ရွက်ကို...ပဲကြီးလေးနဲ့ ဟင်းချိုချက် သရက်သီးလေးထောင်း သုပ် အရမ်းကောင်း....။
အသားဟင်းမလိုဘူး။ မြိန်မှမြိန်။

#သုပ်နည်း
#ကုက္ကိုလ်ရွက်ရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ နှင့်
#ကုက္ကိုလ်ရွက်သုပ်နည်း

ကုက္ကိုလ်ပင်ဟာ ပူပြင်းတဲ့ရာသီမျိုးမှာဆိုရင် အရိပ်ရအေးချမ်းတဲ့အပင်ဖြစ်သလို၊ ကုက္ကိုလ်ရွက်မှာလည်း လူသိနည်းတဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေရှိပါတယ်။ အညာကုက္ကိုလ်ရွက်နုလေးတွေကို ပြုတ်ပြီး အခြားသောအရွက်အချို့လိုမျိုး သုတ်စားကြတတ်ပါတယ်။ လူသိနည်းတဲ့ ကုက္ကိုလ်ရွက်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Antioxidants တွေကြွယ်ဝစွာပါဝင်ပါတယ်။
Antioxidants တွေကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာကဲ့သို့ရောဂါအချို့ဖြစ်ပွားနိုင်ချေကို လျှော့နည်းစေတယ်လို့ဆိုပါတယ်။ လေ့လာချက်အရ ကုက္ကိုလ်မြစ်ပြုတ်ရည်ကို အစာအိမ်ကင်ဆာသမားတွေကို ကုသရာမှာအသုံးပြုတယ်လို့ဆိုကြပါတယ်။ အဲဒါအပြင် အခြားသော ကင်ဆာတွေဖြစ်ပွားနိုင်ချေအန္တရာယ်ကိုလည်းလျော့နည်းစေပါတယ်။

(၂) အစာအိမ်အနာကိုသက်သာစေပါတယ်။
ကုက္ကိုလ်မြစ်ပြုတ်ရည်ကို အစာအိမ်ကင်ဆာအတွက် ဆေးအဖြစ်သုံးပြီး ကုက္ကိုလ်ရွက်နုလေးတွေက အစာအိမ်အနာကိုသက်သာစေတယ်လို့ဆိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခြင်းကိုပါသက်သာစေတယ်လို့ဆိုကြပါတယ်။

(၃) စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းကို သက်သာစေပါတယ်။quercetin၊isoquercetin၊ saponins နဲ့ polyphenols ကဲ့သို့ ဒြပ်ပေါင်းတွေပါဝင်တာကြောင့် အာရုံကြောတွေကို ပြေလျော့စေနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ကါတယ်။ ကိုယ်တွင်းဟော်မုန်းတွေကို ထိန်းညှိုပေးနိုင်တာကြောင့် စိတ်ဓာတ်ကျခြင်းကိုလည်း သက်သာစေတယ်လို့ တွေ့ရပါတယ်။ အိပ်မပျော်တဲ့လူတွေအတွက်လည်း အသုံးဝင်ပါတယ်။

(၄) ရောင်ရမ်းမှုကိုသက်သာစေပါတယ်။
အနာတွေ၊ အရေပြားမှာ ထိခိုက်ဒဏ်ရာဖြစ်ပေါ်စေတာတွေကို ကုက္ကိုလ်ရွက်ကို အုံခြင်းအားဖြင့် ရောင်ရမ်းခြင်းသက်သာစေနိုင်တယ်လို့ဆိုပါတယ်။ အဲဒါအပြင် လေးဘက်နာ ၊ အဆစ်မြစ်ရောင်ရမ်းခြင်းတွေမှာလည်း ကုက္ကိုလ်ရွက်ကိုကြိတ်ပြီးအုံခြင်းအားဖြင့် သက်သာစေပါတယ်။

(၅) သွေးတွင်းကိုလက်စထရော ကျစေနိုင်ပါတယ်။
သွေးတွင်းကိုလက်စထရောကျစေနိုင်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ချေလျော့နည်းစေပါတယ်။ နှလုံးကျန်းမာခြင်းကြောင့် ရုတ်တရက်လေဖြတ်ခြင်းနဲ့ နှလုံးဖောက်ပြန်တာမျိုးတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။

*******
#ကက္ကိုလ်ရက်သုပ်နည

ကုက္ကုလ်ရွက်သပ်
မြန်မကုက္ကိုလ်ရွက် အညွန့်လေးတွေကို ရေနွေးဖျောပြီး ရေအေးနဲ့ဆေး စင်အောင်ညှစ် နုပ်နုပ်စဉ်းထား
ကြက်သွန်ဖြူ/နီကို ဆနွင်း အရောင်မှုန့်နည်းနည်းနဲ့ ဆီချက်လေးချက်
မြေပဲထောင်းထည့် ဆား အချိုမှုန့် ငံပြာရည်ထည့်
သံပုရာသီးညှစ်ထည့် ခပ်ဖွဖွလေးနှံ့အောင်နယ်
အရသာစိမ့်စိမ့်လေးနဲ့ စားလို့သိပ်ကောင်း

#Credit Shwe Thae
------------------------
🌶🌶🌶 ကုက္ကိုလ်ရွက်သုပ် 🌶🌶🌶

ကုက္ကိုလ်ရွက်သုပ်ကို ပထမဦးဆုံးစားဖူးတာက ပုဂံ သရပါ 3 ထမင်းဆိုင်လေးမှာ။ကုက္ကိုလ်ရွက်ကို အဲ့လိုသုပ်စားရတယ်လို့လဲ တစ်ခါမှ မထင်ဖူးတော့ အထူးအဆန်းဆိုပြီး စားကြည့်တာ တော်တော်ကောင်းတာနဲ့ သုပ်နည်းလေးမေးလာခဲ့တာပါ။အခုပုံက ပုဂံသရပါ 3မှာစားတုန်းက ရိုက်လာတဲ့ပုံလေးပါ။

ပါဝင်ပစ္စည်း
ကုက္ကိုလ်ရွက်နုနု
ကြက်သွန်နီ
ငရုတ်သီးစိမ်း
မြေပဲ
ဆား
ဟင်းခတ်မှုန့်
ဆီ

ပြုလုပ်နည်း
ကုက္ကိုလ်ရွက်နုနုလေးတွေကို ခြွေပြီး ရေနွေးဆူဆူထဲမှာ ခဏပြုတ်ပါမယ်။ပြီးရင်ဆယ်ပြီး ရေအေးလောင်း ရေညှစ်ပြီး ပါးပါးလှီးပါမယ်။
မြေပဲကို ခပ်ကြမ်းကြမ်း ထောင်း။ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါမယ်။ပါဝင်ပစ္စည်းတွေရပြီဆိုရင် ဆား၊ဟင်းခတ်မှုန့် ၊ဆီအနည်းငယ်ထည့်ပြီးသုပ်ပါမယ်။အချဉ်စားချင်ရင် သံပရာသီးအနည်းငယ်ညှစ်ထည့်ပါ။အစိမ့်သုပ်တာက ပိုစားကောင်းပါတယ်။

#Credit to all photos

ဟင်းချက်နည်း မုန့်လုပ်နည်း

18 Mar, 11:44


ရေခဲသေတ္တာလုံးဝမလိုတဲ့ အညာဒေသရဲ့ ခရမ်းချဥ်သီးကို ကြာရှည်ခံအောင် ထားသိုနည်း
🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅🍅
ကျနော်တို့ ရွာမှာတော့ ခရမ်းချဥ်သီးကို တနွေလုံးစာအတွက် ဒီလိုလေးတွေ အိမ်အောက်ထပ်မျက်နှာကျက်မှာ တွဲထား ချိတ်ထားကြပါတယ်။

ချဥ်ပေါင်ချော်ကိုရေစိမ်ပြီး ကြိုးအဖြစ်သုံးကာ ခရမ်းချဥ်သီးတွဲကြတယ်။ ခုခေတ်ကတော့ အလွယ်ရတဲ့ ပလပ်စတစ်ကြိုးပေါ့...။

ချက်ကာနီးကြမှ အတွဲလေးတွေကနေ မှည့်တဲ့အသီးလေးတွေ စားကုန်သလောက် ရွေးဖြုတ်ပြီးချက်စားကြတယ်။

အမှည့်လွန်ပြီး ကြွေကျတဲ့အသီးကျ အစေ့ထုတ်ညှစ်ယူပြီး အစေ့ကိုအခြောက်လှန်းထားကြတယ်။ မျိုးစေ့ပြန်ယူတာပေါ့။

လုံးဝ ပုတ်မသွားဘူးနော်။ ပုံထဲကလိုပဲ အိမ်အောက်ထပ် နေရောင်ခြည်တိုက်ရိုက်မကျတဲ့နေရာ လေဝင်လေထွက်ရှိတဲ့နေရာမှာ တွဲထား တန်းထားရပါတယ်။ အတွဲမှာ ကြာလို့ ပုတ်နေတဲ့အသီးလေးတွေတော့ ချွေပေးရပါတယ်။ စားချင်ကာမှ အမှည့်လေးတွေ ရွေးပြီး ချက်စားကြပါတယ်။

ဘာရေခဲသေတ္တာမှ မလိုဘူး။

တနွေစာအေးဆေးပဲ။

နွေရာသီကျ စျေးကြီးလွန်းတဲ့ ခရမ်းချဥ်သီးကို ဝယ်စားရလည်း လွတ်တဲ့နည်းလေးပေါ့။

တွဲနည်းလေးကတော့....တလုံးချင်း အပ်ပေါက်ထိုးသီတာမဟုတ်ဘူးဗျ။ ခရမ်းချဥ်သီး ကို သုံးလုံးတွဲ လေးလုံးတွဲ စသဖြင့် ခူးကတည်းက အခိုင်လိုက် အညှာပါ ပါအောင် ကပ်ကြေးနဲ့ ညှပ်ပြီး ခူးရပါတယ်။ ကြွေသွားတဲ့အလုံးတွေကိုကတော့ စကောနဲ့ကျင်းထားပြီး ချက်သာစားပစ်ပါ။ မှည့်သွားရင်တော့ ခရမ်းချဥ်သီး ငပိလုပ်ပြီး အခြောက်ခံသိမ်းထားလို့ရပါတယ်။

အိမ်ရောက်မှ အိမ်အောက်ထပ်လွတ်လွတ်ကင်းကင်းနေရာမှာ ကြိုးတန်းပြီး တွဲထား ချိတ်ထားကြပါတယ်။

ကိုသက် (ကျောင်းရွာ)

Photos Sredit

ဟင်းချက်နည်း မုန့်လုပ်နည်း

11 Mar, 04:18


hi မင်္ဂလာပါ

ဟင်းချက်နည်း မုန့်လုပ်နည်း

21 Nov, 16:35


#ခရုဆီ_အကြောင်းလေးလာမေးထားလို့ပါ
#ကမာဆော့စ် ခေါ် #ခရုဆီဆိုတာ တရုတ်နှင့် ထိုင်းဟင်းလျာများ အပါအဝင် အာရှအစားအစာများချက်ပြုတ်ရာတွင် အသုံး​ပြုသည့် အညိုရောင်အဆင်းရှိသော ခပ်ပစ်ပစ်အမွှေးအကြိုင်အရည်တမျိုးဖြစ်ပါတယ်။

ခရုဆီကို ကမာကောင်၊ ဆား၊ သကြားတို့မှ အဓိကထုတ်လုပ်ထားတာကြောင့် ချိုငန်သော အရသာရှိပါတယ်။

အသားမွှေကြော်၊ ကုန်းဘောင်းကြီးကြော်၊ အသားငါးများကိုမချက်ခင် နယ်ဖတ်နှပ်ထားရန်နှင့် တို့စရာ sauces တို့အတွက် အသုံးများပါတယ်။

မြန်မာပြည်မှာတော့ ကိုက်လံခရုဆီနဲ့ ကန်စွန်းပလိန်းကြော်ရင် ပသျှူးထမင်းကြော်ရင် မဖြသ်မနေထည့်ကြပါတယ်။

#ခရုဆီ_သို့မဟုတ်_ကမာဆီရည်က_ဘာနဲ့လုပ်တာလဲ။
ကမာဆော့စ်ကို ပုံမှန်အားဖြင့် ကမာကောင်၊ ရေ၊ ဆား၊ သကြား၊ MSG၊ ပြုပြင်ထားသော ပြောင်းဖူးကစီဓာတ်၊ ဂျုံမှုန့်၊ နှင့် caramel အရောင်တို့ဖြင့် ပြုလုပ်ထားပါတယ်။

#ခရုဆီက_သက်သတ်လွတ်သလား
ကမာကောင်နဲ့လုပ်ထားတဲ့ ခရုဆီက သက်သတ်မလွတ်ပါဘူးနော်။

ကမာကောင်အစား ပဲပိစပ်၊ သကြားအညိုနှင့် မှိုအရသာတို့နဲ့ ခရုဆီအနံ့ထည့်ထားတဲ့ သက်သတ်လွတ် ခရုဆီလည်း စျေးကွက်ထဲမှာရှိပါတယ်နော်။

#ထားသိုနည်း
မဖွင့်ရသေးသော ခရုဆီ (ကမာဆော့စ်) ကို သိမ်းဆည်းရန် အကောင်းဆုံးနည်းလမ်းမှာ မီးဖို သို့မဟုတ် ပန်းကန်ဆေးစက်ကဲ့သို့ အပူပေးကိရိယာများနှင့် ဝေးကွာသော အေး၍ခြောက်သွေးသောနေရာတွင်ထားပါ။

ဖွင့်ပြီးသည်နှင့် အဖုံးကို တင်းတင်းကျပ်ကျပ် အလုံပိတ်ပြီး ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားရပါမည်။

#အသုံးပြုတာကတော့

အသားနဲ့ ငါးတွေနှပ်မယ်ဆို အခြားအဆာပလာတွေနဲ့အတူ ကြိုထည့်ပြီး နယ်ထားနှပ်ထားတယ်။

ကိုက်လံ ကန်စွန်း မှိုလိုမျိုး အရွက်ကြော်ရင်တော့ အသီးအရွက်တွေ ၇၅ ရာခိုင်နှုန်းအကျက်မှာ ခရုဆီထည့်ပြီး ပူပူနွေးချစားကြတာမြင်ဘူတာပဲ။

မင်မင်သက်

ကိုးကား Wikipidia

5,322

subscribers

1,068

photos

1

videos