Big Words - Digital Marketing

@bigwords_digitalmarketing


Content Writing,Copy Writing နှင့် Marketing Knowledge များကို အခမဲ့ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

-Let Me Be Your Creator-

Big Words - Digital Marketing

11 Sep, 13:20


“ သင်တန်းလည်းပြီး အလုပ်လည်းရမယ်ဆိုရင် စိတ်ဝင်စားလား???”

Relationship မလိုချင်ဘူး။ Scholarship နဲ့ Paid Internship ပဲပေးပါဆိုတဲ့သူတွေအတွက် BW က အထူးသတင်းကောင်းလေးတစ်ခု ကြေညာစရာရှိပါတယ်။

ပထမဦးစွာနဲ့ Big Words Digital Marketing Page ကို Big Words Academy လို့ပြောင်းလိုက်တာ သတိထားမိကြမယ် ထင်ပါတယ်။ဒီPage မှာက Marketing ကို စိတ်ဝင်စားတဲ့သူတွေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်တဲ့ လူငယ်တွေ ပိုများတာကြောင့် လူငယ်တွေအတွက် Skills Set တွေကို မျှဝေပေးမဲ့ နေရာတစ်ခုအဖြစ် ပြောင်းလဲဖန်တီးထားလိုက်တာ ဖြစ်ပါတယ်။

နာမည်ပြောင်းတဲ့အကြောင်းပြောပြီးပြီဆိုတော့ Paid Internship Program လေးအကြောင်းပြောပြပါရစေ။

☑️ အပေါ်မှာပြောထားတဲ့အတိုင်း သင်တန်းပြီးတာနဲ့ Paid Internship ဖြစ်နိုင်တဲ့အခွင့်အရေးကို ပေးအပ်သွားမှာမဲ့ Program လေးဖြစ်ပါတယ်။

မြန်မာနိုငCode Mal - ကုဒ်မယ် Platform တစ်ခုဖြစ်တဲ့ Code Mal - ကုဒ်မယ် မှာ 100% Work From Home - Paid Internship Position ကိုရရှိနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ လွယ်လွယ်ကူကူတော့မရနိုင်ပါဘူး။

သင်တန်းသား (၇)ဦးကိုသာ လက်ခံသင်ကြားပေးသွားမှာဖြစ်ပြီးတော့ ဒီ (၇)ဦးထဲက (၁)ဦးသာ ဒီအခွင့်အရေးကိုရရှိနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ ကျန်တဲ့(၆)ဦးအတွက်ကလည်း လုံးဝအကျိုးယုတ်မှာမဟုတ်ပါဘူး။

သင်တန်းဟာ (၇)ရက်ဆက်တိုက် အချိန်ပေးပြီးတက်ရမှာ ဖြစ်သလို (၇)ရက်အတွင်းလည်း အလုပ်လျှောက်ဖို့အတွက် Portfolio တွေပြင်ဆင်နေရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအလုပ်ကိုမရရင်တောင် နောက်ထပ် အလုပ်တွေလျှောက်ဖို့ Portfolio တစ်ခု တည်ဆောက်ပြီးသားဖြစ်သွားမှာပါ။

☑️ Program ကို Join ချင်တဲ့သူဟာ

(၁) စာရေးသားခြင်းနဲ့ပတ်သက်ပြီး တီးမိခေါက်မိရှိထားရပါမယ်။ (Beginner Level အတွက်မဟုတ်လို့ပါ)

(၂) Power Point Slide တွေပြင်ဖို့နဲ့ Content Plan တွေရေးဆွဲဖို့ မိမိကျွမ်းကျင်ရာ Device တစ်ခု ရှိဖို့လိုအပ်ပါတယ်။

(၃) တစ်ပတ်လုံးလုံး အချိန်ပေးသင်ယူနိုင်ရပါမယ်။

☑️ ဒီ Program မှာဆိုရင်

• Fundamentals of Marketing / Content/ Content Marketing
• Powerful Marketing Techniques
• How to write a Powerful Marketing Plan
• Essential Presentation Techniques
• How to build your Portfolio
• All about Branding
• Sale is Everything
• All about Digital Marketing

ဆိုတဲ့ ခေါင်းစဉ် (၈)ခုကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။

☑️ စာသင်ရုံနဲ့ ပြီးသွားတယ်ဆိုတာ BW မှာရာဇဝင်မရှိတဲ့အတွက် ဒီတစ်ခေါက်မှာလည်း သင်တန်းတက်ရောက်သူတွေအကျိုးရှိအောင် သေချာအချိန်ယူစီစဉ်ပေးထားပါတယ်။

သင်တန်းအကြောင်း အသေးစိတ်အချက်အလက်
=================================

သင်တန်းစတင်မည့်ရက် - ၂၀.၉.၂၀၂၄ (သောကြာနေ့)

သင်တန်းပေးမည့်အချိန် - ည(၇)နာရီ မှ(၉)နာရီအထိ

သင်တန်းအစီအစဉ် - စက်တင်ဘာလ (၂၀/၂၁/၂၂/၂၃/၂၄/၂၅/၂၆)

သင်တန်းကာလ - (၇)ရက်

သင်တန်းကြေး - ၇၅,၀၀၀ကျပ်

လက်ခံမည့်လူဦးရေ - (၇)ဦး

📌ငွေရေးကြေးရေးအခက်အခဲရှိလို့ သင်တန်းကြေးညှိနှိုင်းချင်တာပဲဖြစ်ဖြစ် ၊ Financial Aid တောင်းခံချင်တာပဲဖြစ်ဖြစ် Personal Account ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

—————

သင်တန်းပေးမည့်အချိန် - ည(၇)နာရီ မှ(၉)နာရီအထိ
• သင်ကြားမဲ့ နေရာကတော့ Google Meet ပါ။
• Power point file ပြန် Share ပေးပါမယ်။
• Beginner လည်း တက်လို့ရပါတယ်။
• Assignments ပြီးဆုံးပါက Certificate ထုတ်ပေးပါတယ်။
• Video Record မပေးပါ။

———

Financial Aid Information 🚨
=====================

သင်တန်းတက်ချင်ပေမဲ့ အခုလိုကာလမှာ ငွေကြေးအခက်အခဲရှိသူတွေထဲက (၁)ဦးကို Scholarship ပေးဖို့ စီစဥ်ထားပါတယ်။

Scholarship လေး လျှောက်ထားချင်တယ်ဆိုရင်တော့

(၁)ဘာကြောင့် ဒီသင်တန်းကို တက်ချင်တာလဲ ဆိုတာကိုရေးပြီး ဒီပို့စ်လေးကို Public နဲ့ Share ပေးပါ။

(၂)Share ထားတဲ့ Screenshot ကို Page မှာပြပြီး Scholarship လျှောက်ထားလို့ ရပါတယ်။

🚨 Scholarship Deadline ; 15th Sept 2024.

#bigwords_by_HninHtutWai
#i_d_be_keep_saying_Bigwords
#BigWords_Academy

Big Words - Digital Marketing

11 Sep, 13:19


https://www.facebook.com/100077601744350/posts/pfbid0PRgQHeeiUKUcM77yPKaWBFfypWPeUXss9gYRSe4G68XoAU2YQf1pVKkrBQkuMSWfl/?

Big Words - Digital Marketing

25 May, 05:02


https://www.facebook.com/share/p/xBCfNVN27G2ydChh/?

Big Words - Digital Marketing

24 May, 03:54


https://www.facebook.com/share/p/N6cL5uNZEfh4Dnsn/?

Big Words - Digital Marketing

05 Mar, 16:05


Latest Update I’ve got!

Big Words - Digital Marketing

03 Mar, 18:39


“Content ရေးတဲ့အခါ ? ထည့်သင့်ပါသလား”

မြန်မာစာ‌မေးခွန်းမေးရာမှာ”ဘ(၇)လုံး”ရှိသလို အင်္ဂလိပ်စာမှာလည်း”Wh questions”လိုခေါ်ကြတဲ့မေးခွန်းတွေသုံးတာအားလုံးအသိပါ။ ကွာသွားတာက
ဘာ
ဘယ်တော့
ဘယ်နေရာ
ဘာကြောင့်
ဘယ်လို
ဘယ်အရာ
ဘယ်သူဆိုတဲ့အမေးဝါကျနောက်မှာ“ပုဒ်နှစ်ချောင်း”နဲ့ဆုံးပြီး အင်္ဂလိပ်စကားလုံးတွေနောက်မှာတော့ “question mark”နဲ့ဆုံးပါတယ်။ အရင်ခေတ်တွေတုန်းကကိစ္စမရှိခဲ့ပေမယ့် ခုခေတ်လိုအင်္ဂလိပ်နဲ့ဆက်ဆံထိတွေ့ပြီးတွင်တွင်ကျယ်ကျယ်သုံးလာတဲ့အခါ မြန်မာစကားမှာမရှိတဲ့ “?” ကိုထည့်သုံးသင့်၊မသင့်ဆိုတာအငြင်းပွားဖွယ်ဖြစ်လာပါတော့တယ်။

မြန်မာစာလုံးတွေထဲမှာ အခြားဘာသာကနေ မွေးစားယူထားတဲ့ စကားလုံးတွေအများကြီးရှိပါတယ်။ မလေးစကား ဖြစ်တဲ့ kalambak ကနေ 'ကရမက်'၊ ဟိန္ဒူစတာနီစကား ဖြစ်တဲ့ samosa ကနေ 'စမူဆာ'၊ အင်္ဂလိပ်စကား champion ကနေ 'ချန်ပီယံ'စသဖြင့် ပါ။ နောက်လည်းရှိလာဦးမှာပါပဲ။ ဘာလို့အဲလိုမွေးစားယူတာလဲဆိုရင် တိုလည်းတို၊လူအများလည်းပိုနားလည်လွယ်လို့ပါ။

ဒါကြောင့် contentလို၊copywriting လိုလူအများစိတ်ဝင်စားအောင်ရေးရအောင်တဲ့စာတွေအနေနဲ့မူလအဓိပ္ပာယ်ကိုပိုမိုကြွရွသက်ဝင်စေအောင်”?” သုံးတာဟာလက်ခံနိုင်စရာရှိတယ်လို့မြင်ပါတယ်။


ဒါပေမယ့် လူမျိုးတစ်မျိုးရဲ့ဘာသာစကားဟာအမြဲပြောင်းနေတယ်ဆိုပေမယ့် အခန့်သုံးစာကြီးပေကြီးတွေမှာတော့ မူလသုံးနှုန်းတဲ့ ပုဒ်မကြီးကိုပဲဆက်လက်ထိန်းထားသင့်တယ်လို့မြင်မိပါတယ်။

စာဖတ်သူတွေရော ‌မေးခွန်းမေးတဲ့အခါ အဓိပ္ပာယ်ပိုပေါ်အောင်”?”ကိုသုံးလေ့ရှိပါသလား။ သုံးသင့်တယ်လို့ရောထင်ပါသလား။ အမြင်တွေကိုဆွေးနွေးပေးပါဦး။
#bigwords

Big Words - Digital Marketing

25 Feb, 15:29


လူသားမျိုးနွယ်အတွက် နည်းပညာ

Marketing 5.0 ဘယ်ကစလဲလို့ပြောရရင် Marketing ဂုရုကြီး Philip kotler ရဲ့ “Marketing 5.0: Technology for Humanity” စာအုပ်ကနေလို့ပြောရင်မမှားပါဘူး။ သူက အရင် Marketing eras တွေကို အခြေခံထားတာပဲ။ ဒီခေတ်မှာတော့ နည်းပညာတွေအပေါ်မှာလုံးဝမှီခိုပြီး ပိုကောင်းတဲ့ Customer relationships ကို တည်ဆောက်လာတာပါပဲ။


Marketing 5.0 ရဲ့ အခြေခံမူကိုပြောရမယ်ဆိုရင်

Customer Experience ပေါ်မှာ အာရုံစိုက်ပါ။
နည်းပညာကို အခြေခံပြီး Customers တွေနဲ့ ဆွဲဆောင်မှုရှိတဲ့ emotional connection တည်ဆောက်ရပါမယ်။ ဒီနေရာမှာ Customers တွေရဲ့ အတွေ့အကြုံ တွေကို categories ခွဲပြီးတော့ customers journey တွေလဲ ဖန်တီးရမှာပေါ့။

နည်းပညာကို ကောင်းကျိုးအတွက်ပဲ အသုံးချပါ။
နည်းပညာတွေ အသုံးချတဲ့နေရာမှာ ထုတ်ကုန်တွေကို ပိုမိုရောင်းချနိုင်ဖို့တစ်ခုထဲ မဟုတ်ပဲနဲ့ customers တွေရဲ့ လူမှုဘဝအတွက် လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်ဖို့ ကျင့်ဝတ်ရှိရှိ ဆောင်ရွက်ဖို့လိုတယ်။

လူ့တန်ဖိုးများနဲ့ ချိန်ညှိလုပ်ဆောင်ပါ။
ပြောချင်တာက ကိုယ့် brand ရဲ့ features တွေနဲ့ customers ဘက်ကရနိုင်မယ့် value တွေကို အမြဲတမ်း သုံးသပ်ပြီးတော့ upgrade လုပ်နေဖို့ပါပဲ။


ဒီလိုမျိုး လုပ်ဆောင်နိုင်မယ်ဆိုရင်
Customers တွေနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်လာနိုင်မယ်။ ဈေးကွက်ထဲမှာလဲ unique ဖြစ်တဲ့ brand တစ်ခုအနေနဲ့ ရပ်တည်လာနိုင်မယ်။ လူမှုအဖွဲ့အစည်းမှာလဲ နည်းပညာကို ကောင်းကျိုးအတွက်အသုံးချနိုင်လို့ brand image တက်လာသလို ရေရှည်အတွက်လဲ ပိုကောင်းလာနိုင်တယ်။

Marketing 5.0 မှာ user data တွေ AI တွေကို သုံးလာတဲ့အတွက် စိန်ခေါ်မှုတွေကလဲရှိနေပါသေးတယ်။ အထူးသဖြင့်

📎 customers’ data privacy တွေ၊ AI အသုံးပြုတာတွေနဲ့ပတ်သတ်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လုပ်ရမယ်။

📎 နောက်ပြီး အချိန်နဲ့အမျှ တိုးတက်နေတဲ့ နည်းပညာရဲ့ ရှုပ်ထွေးမှုတွေကို လိုက်မှီဖို့လဲ လိုအပ်ပြန်ရော။

📎 နောက်ဆုံးအချက်က customers တွေရဲ့ ပြောင်းလဲလာတဲ့ လိုအပ်ချက်တွေကို နားလည်အောင်လုပ်ပြီး လိုက်လျောညီထွေဖြစ်ဖို့ကလဲ အရေးကြီးတာပဲ။


Marketing 5.0 ကို အလွယ်ဆုံးဥပမာပြရရင် TikTok ကိုပဲကြည့်လို့ရတယ်။ သူ့ AI ကိုက user တစ်ယောက်ချင်းစီရဲ့ ကြည့်တဲ့ channels တွေ၊ စိတ်ဝင်စားတာတွေကို မှတ်ထားပေးတာ။ အဲ့တော့ TikTok ထဲကို ဝင်လိုက်‌တာနဲ့ ကိုယ်ကြည့်နေကျ video တွေချည်း တက်နေတာပေါ့။

အချုပ်ပြောရရင် Customer Experience ကိုဦးစားပေးမယ်၊ Technology ကို ethic ရှိရှိအသုံးချမယ်၊ လူမှုတန်ဖိုးတွေကို အလေးပေးလိုက်နာခြင်းအားဖြင့် ဒီခေတ်သစ်မှာ Marketing 5.0 ကို ပုံဖော်သွားကြဖို့လိုပါတယ်။

#Marketing5.0
#Bigwords

Big Words - Digital Marketing

25 Feb, 15:23


Content Writer များ Pro ကျကျ Research လုပ်နိုင်ဖို့ ဖတ်ကြည့်ပါ
အချက်အလက်ကို အခြေခံပြီး စားရေးသားရတဲ့ Content Writer တွေရဲ့ Skill sets ထဲမှာ Researching ကလည်း အပါအဝင် ဖြစ်ပါတယ်။ Content Writer တစ်ယောက်က Research နာနာလုပ်ထားမှ စာရေးတဲ့အခါ လိုရာရောက်နိုင်မှာပါ။
ကျွန်မကိုယ်တိုင်လဲ ဒီအလုပ်ကို လုပ်နေတဲ့အတွက် စာရေးဖို့ အချက်အလက်တွေ ဘယ်လိုရှာဖွေသလဲ? ဘယ်လိုအတည်ပြုသလဲ? ဆိုတာ သိသလောက် မျှဝေပေးပါမယ်။
ကျွန်မကတော့ Research လုပ်တဲ့အခါ
· Product Research
· Competitor Research
ဆိုပြီး (၂) ခုလောက် ခွဲစဥ်းစားပါတယ်။
အဲ့ဒီထဲက အားနည်းချက်၊ အားသက်ချက်တွေကို လေ့လာပြီး ချရေးတာမျိုး လုပ်ပါတယ်။
Product Research ကတော့ ရှင်းပါတယ်။ ထုတ်ကုန် ရည်ရွယ်ချက်၊ ပါဝင်ပစ္စည်း၊ ထုတ်လုပ်ပုံ စတာတွေကို သိအောင် လုပ်ရတာပါ။ အားသက်ချက်၊ အားနည်းချက်တွေကိုလဲ တစ်ခါတည်း ခွဲထုတ်ထားပါတယ်။
Competitor Research ကတော့ Content စပြီး ဖန်တီးတော့မယ်ဆို ပြိုင်ဖက်လုပ်ငန်းတွေက ဘာတွေလုပ်နေလဲ? Social Media မှာဘာတွေတင်နေသလဲ? Audience ကို ဘယ်လိုဆက်သွယ်နေသလဲ? ဆိုတာသိ‌အောင် လေ့လာခြင်း ဖြစ်ပါတယ်။ ဒါမှ ကိုယ့်ဘက်က ပြိုင်ဘက်နဲ့ မတူအောင် သွားလို့ရတဲ့ပုံစံတွေ၊ အားသာချက်တွေကို ပိုမြင်လာမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ လုပ်ငန်းတူပေမဲ့ Audience ကွဲတာမျိုး ရှိပါတယ်။ ဒီအခါမှာ ကိုယ် Content ကလဲ ဘယ် Audience အတွက်လဲဆိုတာ ပြတ်သားနေဖို့ လိုပါမယ်။
Research Tools တွေကတော့ Google နဲ့ Chatgpt ကိုအဓိကသုံးပါတယ်။ ပြည်တွင်း ထုတ်ကုန် တော်တော်များများကို Facebook ကနေ လေ့လာလို့လည်း ရပါတယ်။ နောက်တစ်ခု သတိထားရမှာကတော့ တွေ့ရှိလာတဲ့ အချက်အလက်တွေကို Content ထဲ ထည့်ရေးဖို့ အတည်ပြုရတာတာပါ။ အထူးသဖြင့် Knowledge Sharing လို Content တွေမှာ အချက်အလက်တွေက Up to date ဖြစ်မဖြစ်၊ ရေးသားထားသူက ကျွမ်းကျင်သူ ဟုတ်မဟုတ် ဒါတွေကို သေချာ‌လေ့လာပြီးမှ သုံးပါ။ အချက်အလက်မှားတာက စာလုံးပေါင်းသလိုပဲ သိက္ခာကျပါတယ်။ အများပြောစရာ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကျွန်မကတော့ ကိုယ်သုံးချင်တဲ့ အချက်အလက်ကိုတွေ့ရင် အရင်းအမြစ်ကို သေချာလေး လေ့လာပါတယ်။ လိုအပ်ရင် Research Paper တွေပါ လိုက်ဖတ်ပြီး တတ်နိုင်သမျှ အတည်ပြုနိုင်အောင် ကြိုးစားပါတယ်။
ဒါလေးတွေက‌ Content Writer တစ်ယောက်အနေနဲ့ ကျွန်မကျင့်သုံးနေတဲ့ Research လုပ်တဲ့ နည်းလမ်းလေးတွေပါ။
ကျွန်မလို Content Writer တွေရှိရင်လဲ Research လုပ်ဖို့ နည်းလမ်းကောင်းတွေကို Comment မှာ မျှဝေပေးသွားနိုင်ပါတယ်နော်။

#contentmarketing#marketing#contentwriter#digitalmarketing#bigwords

Big Words - Digital Marketing

25 Feb, 15:03


“Marketing 5.0ကိုနားလည်ချင်ရင်ဒီအချက်တွေကိုပဲဖတ်လိုက်ပါ”

Marketing ဂုရုကြီး Philip Kotlerရဲ့ ဒစ်ဂျစ်တယ်ခေတ် marketing 5.0အပေါ်အမြင်ကိုအခြေခံပြီးပြောပြသွားပါမယ်။ 5.0ဟာဘာကိုအဓိကထားသလဲဆိုရင် customer journey ကိုနားလည်ဖို့နဲ့ နည်းပညာအသစ်အဆန်းတွေသုံးပြီး တိကျပြီးအချက်အလက်ဗဟိုပြုတဲ့marketing ဖြစ်ဖို့ပါပဲ။
Philip Kotlerရဲ့‌ ပြောထားတဲ့5.0ရဲ့အသက်သွေးကြောတွေကိုဖောက်စစ်ကြည့်ရအောင်။
🔰Customer journey: 5 Asဖြစ်တဲ့awareness, appeal, ask, act, and advocateတွေပါဝင်တဲ့ customer journeyကိုထုံးလို‌ကြေ၊ရေလိုနှောက်ထားရပါမယ်။အဲဒီအဆင့်တွေနားလည်မှmarketersတွေဟာ အဆင့်(၅)ဆင့်စီမှာရှိတဲ့ customer တွေနဲ့ကိုက်ညီတဲ့ targeted messagesနဲ့campaigns တွေဖန်တီးနိုင်မှာပါ။
🔰Data-driven marketing: Marketing 5.0ဟာ data‌ တွေနဲ့အဓိကလည်ပတ်ပါတယ်။ အဲဒီအချက်တွေကိုတစ်ယောက်ချင်းစီနဲ့ကိုက်ညီတဲ့ marketing messages တွေပို့ဖို့၊ customer behaviorကိုခန့်မှန်းဖို့နဲ့marketing campaignsတွေရဲ့ထိရောက်မှုကိုတိုင်းတာဖို့သုံးပါတယ်။
🔰New technologies: Marketing 5.0 ဟာ AI,real life နဲ့ digital ပေါင်းစပ်ထားတဲ့augmented reality, headset သုံးပြီးကြည့်ရတဲ့virtual reality တွေအသုံးပြုပါတယ်။အဲဒီက‌ နေပိုနက်နဲပြီးcuostumerနဲ့အပြန်အလှန်တုံ့ပြန်ချက်ရှိတဲ့marketing experiencesတွေဖန်တီးဖို့ရည်ရွယ်ပါတယ်။
🔰Personalization: တစ်ဦးတစ် ယောက်ချင်းစီရဲ့လိုအပ်ချက်တွေနဲ့ နှစ်သက်မှုတွေကိုဖြည့်ဆည်းတဲ့marketing messagesနဲ့campaignsတွေက 5.0ရဲ့အသက်ပါ။
🔰Social media: social mediaဟာဘယ်လောက်အရေးကြီးလဲဆိုတာသ‌ ဘောပေါက်ပါတယ်။ဒါကြောင့် customersတွေဆီရောက်ဖို့၊ engagement ရဖို့ဘယ်လိုထိရောက်မှုရှိရှိသုံးရမလဲဆိုတာ guidance ပေးပါတယ်။
ခြုံပြောရရင်marketing 5.0ဟာ data နဲ့technologyကိုအသုံးပြုပြီး ပိုပြီးpersonalized ဖြစ်တဲ့၊ထိရောက်မှုရှိတဲ့ marketing campaignsတွေဖန်တီးတာပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ Philip Kotlerပြောပြတဲ့ marketing 5.0ကိုသဘောပေါက်သွားမယ်လို့ယုံကြည်ပါတယ်ရှင်။

#marketing
#marketing5.0
#bigwords

Big Words - Digital Marketing

19 Feb, 13:55


https://www.facebook.com/share/p/S3aoi1TLhATwQTRy/?

Big Words - Digital Marketing

19 Feb, 13:55


“လူမှုအကျိုးပြု မားကတ်တင်း”

“Hybrid ကားတစ်စီးက Gas ကုန်ကျမှုအတွက် ချွေတာနိုင်တယ်လို့ မကြော်ငြာပဲ၊ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးမှာ အကျိုးပြုနိုင်တဲ့ Value တစ်ခုအဖြစ် စားသုံးသူကိုကမ်းလှမ်းတာပဲဖြစ်ပါတယ်။”

အပေါ်က ဥပမာလို… စီးပွားရေးလုပ်ငန်းအတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ အကျိုးပြုစေမယ့် Values တွေဖန်တီးပြီး Customer နဲ့ရေရှည်တည်မြဲခိုင်မာတဲ့ Relationship တည်ဆောက်တာက Marketing 3.0 ရဲ့ ဝိသေသတစ်ရပ်ပါ။

Customers Oriented Approach ဖြစ်တဲ့ Marketing 2.0 က တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် market ရဲ့ အနေအထားက အပြိုင်အဆိုင်ဖြစ်နေတော့လဲ ပိုပြီးကောင်းတဲ့ နည်းလမ်းကိုရှာဖွေရတာပါပဲ။

ဒါကြောင့်လဲ Marketing 3.0 ဆိုပြီး ဖြစ်လာတာပေါ့။ သူကဘာလဲဆိုရင် customers တွေရဲ့ စိတ်၊ဝိဉာဏ်၊ ခံစားချက် သုံးမျိုးလုံးကို ကျေနပ်မှုရစေဖို့ကို ဦးတည်လာတယ်။ ဒါကြောင့်မို့ Value-driven Marketing လို့ ပြောကြတာပါ။

Marketing 3.0 မှာ လိုက်နာရမယ့် အချက် 10 ချက်ကိုပြောပြမယ်။

▪️ Customers တွေကို ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံဖို့လိုတယ်။နောက်ပြီး Competitors တွေကို လေးစားဖို့လဲ လိုပါတယ်။

▪️ဈေးကွက်အပြောင်းအလဲတွေတိုင်းအတွက် အဆင်သင့်ဖြစ်နေရပါမယ်။

▪️ကိုယ်ပေးနိုင်တဲ့ value က customers တွေအတွက် ရှင်းလင်းပြီး အထောက်အပံ့တစ်ခုဖြစ်ပါစေ။

▪️ ကိုယ့်အတွက် အကျိုးအမြတ်ရမယ့် အပိုင်းတွေကိုလဲ အာရုံစိုက်ဖို့မမေ့ပါနဲ့။

▪️အရည်အသွေးနဲ့ လိုက်ဖက်မယ့် ဈေးနှုန်းမျိုးကိုပဲ ဖန်တီးရမယ်။

▪️ Potential customers တွေကို ကိုယ့်ကုန်ပစ္စည်းတွေနဲ့ ချိတ်ဆက်လာနိုင်ဖို့ ကြိုးစားရမယ်။

▪️ Customers တိုင်းနဲ့ long-term relationship တစ်ခုဖြစ်လာအောင် တည်ဆောက်သင့်ပါတယ်။

▪️ဝန်ဆောင်မှုကောင်းဖို့ ဦးစားပေးရမယ်။ ကုန်ပစ္စည်းဆိုတာ ဝန်ဆောင်မှုရဲ့နောက်မှာရှိတာကို သိရပါမယ်။

▪️ ရှေ့က Process တွေကို တနေ့ထက်တနေ့ ပိုကောင်းလာအောင်လုပ်ဖို့လိုပါတယ်။

▪️အရေးကြီးဆုံးအချက်က စီပွားရေးအတွက် အမြတ်၊ အရှုံးတစ်ခုထဲကို အာရုံမစိုက်ပဲနဲ့ intangible value တွေကိုလဲ ထည့်သွင်းစဉ်းစားဖို့ပါပဲ။

ဥပမာဆိုရင် မိန်းက‌လေး‌တွေ ကြိုက်ကြတဲ့ 3CE ပေါ့။ သူတို့ဆောင်ပုဒ်က “We set the trend, innovate, and never follow” တဲ့။ အဲ့ဆောင်ပုဒ်အတိုင်းပဲ သူတို့က customers တွေကို ရှေ့ကနေ ဆွဲခေါ်သွားတာနော်။ 3CE brand နဲ့သာဆို နေ့စဥ်ဘဝမှာ ပိုလှလာမယ်၊ society မှာလဲ ပိုပြီး ယုံကြည်မှုတွေရှိလာမယ် ဆိုတာက သူတို့ပေးတဲ့ value ပဲလေ။ တကယ်တမ်းမှာလဲ အလုပ်ဖြစ်ပြီး အောင်မြင်နေတယ်။

ဒီ Marketing 3.0 က တကယ်ကို ကောင်းတဲ့နည်းလမ်းပဲလို့ ပြောချင်တယ်။ ဘာလို့လဲ ဆိုတော့ လူသားတွေဆီကို ပြီးပြည့်စုံတဲ့တန်ဖိုး (Holistic Value) ကို ပေးနေလို့ပါပဲ။

#Marketing3.0
#BigWords

Big Words - Digital Marketing

18 Feb, 15:01


ခံစားချက်တွေကို စပြီးရောင်းချလာ Marketing 2.0
Marketing 2.0 ဟာ Product ကိုဦးစားပေးတဲ့ Marketing 1.0 ကနေ Customer ကို ဦးစားပေးတဲ့ Marketing အဖြစ် သိသိသာသာ ဘက်ပြောင်းသွားခဲ့ပါတယ်။
ဒါက ထုတ်ကုန် ပြိုင်ဆိုင်မှုကြောင့်လဲ ဟုတ်သလို၊ တိုးတက်လာတဲ့ နည်းပညာသုံးစွဲမှု ကြောင့်လည်း ပါပါတယ်။ နည်းပညာရဲ့ အကူအညီနဲ့ လူသားတို့ တရှိန်ထိုး တိုးတက်လာခြင်းကြောင့် အားလုံးဟာ ယခင်ကထက်ပိုပြီး အသိပညာ ကြွယ်ဝလာကြပါတယ်။ သတင်းအချက်အလက်များ ပေါများစွာ လက်ခံရရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများဟာ ရောင်းချခြင်းထက်၊ ရွှေးချယ်ဝယ်ယူလာမဲ့ နည်းလမ်းတွေကို စပြီး စဥ်းစားလာကြရပါတယ်။
ထုတ်ကုန်ချင်း၊ အရည်အသွေးချင်း တူတာတွေ များလာတဲ့အတွက် ပြိုင်ဆိုင်မှုဟာ Customer ရဲ့ Emotion မှာ ပြောင်းရွှေ့ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ရွှေးချယ်ခံရဖို့အတွက် ခရာကျတဲ့ Brand Positioning, Brand value နဲ့ Customer service တွေကို အာရုံစိုက်ကြရပါတယ်။
ဒါကြောင့်လည်း Content marketing တွေကို ကြိုးစားလုပ်လာကြတာ တွေ့ရပါတယ်။ Website တွေလုပ်တာ၊ Audience တည်ရှိတဲ့ Social media platform မှာ Digital presence တွေ တည်ဆောက်ပြီး Video, blog post, infographic စတာတွေနဲ့ Customer ရဲ့ စိတ်ကို
အနိုင်ရအောင် ဆွဲဆောင်ကြပါတယ်။
Customer ရလာတဲ့ အခါမှာလဲ Customer ကို အသေးစိတ်လေ့လာပြီး Personalized content တွေ၊ Product recommendation တွေ၊ Promotion တွေနဲ့ ဆက်ပြီး ထိမ်းသိမ်းထားနိုင်အောင် ကြိုးစားလာကြပါတယ်။
အချုပ်ပြောရရင်တော့ Marketing 2.0 ဟာ Customer ရဲ့ စိတ်ခံစားချက်ကို ထည့်သွင်းစဥ်းစားပြီး ရောင်းချလာတဲ့ ပထမဆုံး Marketing ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Marketing ဟာ လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားသာမက လူသားအားလုံးရဲ့ အကျိုးကိုပါ ထည့်သွင်းစဥ်းစား လာတာကို တွေ့ရပါတယ်။
#marketing #digitalmarketing#4ps #traditionalmarketing #bigwords

Big Words - Digital Marketing

17 Feb, 14:02


ရှေးအကျဆုံးဈေးရောင်းခြင်းအနုပညာ Marketing 1.0 ကို ချဉ်းကပ်ကြည့်ခြင်း

Marketing နည်းဗျူဟာတွေထဲမှာ အစောဆုံးကတော့ Product ကို အခြေခံတဲ့ Marketing 1.0 ပဲဖြစ်ပါတယ်။ Marketing 1.0 က 20ရာစုအစောပိုင်းမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့တဲ့ နည်းလမ်းဆိုလဲ ဟုတ်တယ်ပေါ့။

ဒါဆိုရင် Marketing 1.0 ဆိုတာဘယ်လိုအလုပ်လုပ်လဲ သိရအောင် လေ့လာကြည့်ရအောင်။

Marketing 1.0 ဆိုတာ ထုတ်ကုန်နဲ့ ကုန်ထုတ်လုပ်မှုကို အခြေခံတဲ့ conceptတစ်ခုဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဖောက်သည်တွေ အများဆုံးရနိုင်ဖို့အတွက် ကိုယ့်ရဲ့ ထုတ်ကုန်ကို အကောင်းဆုံးအရည်အသွေးနဲ့ထုတ်ပေးရမယ် ဆိုတာပါပဲ။ ဒါကြောင့်မို့ ထုတ်ကုန်တွေကို စီးပွားရေးပြိုင်ဖက်တွေထက် သာအောင်ထုတ်လုပ်ဖို့ကိုပဲ ကြိုးစားခဲ့ကြပါတယ်။

ဒီအတွက် အဓိက focus တွေက Product Development နဲ့ Manufacturing ပိုင်းမှာ သွားပြီးတော့ အားစိုက်ကြတယ်ပေါ့။ ဒီနေရာမှာ စားသုံးသူတွေအတွက် ကိုယ့်ထုတ်ကုန်ရဲ့ special features တွေ၊ benefits တွေကို ချပြပြီး value sharing လုပ်ဖို့ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့် ထုတ်ကုန်တွေကိုအ ကောင်းဆုံးတွေဖြစ်အောင်လုပ်မယ်ဆိုတဲ့ နောက်မှာ ဈေးနှုန်းတွေက မြင့်မားလာပါတယ်။ လူတိုင်းက လက်လှမ်းမမှီတဲ့ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။

Marketing 1.0 ကိုအသုံးချခဲ့ကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကိုယ့်ရဲ့ ထုတ်ကုန်တွေဟာ စားသုံးသူတိုင်းက လိုအပ်တဲ့ပစ္စည်းလား၊ လိုချင်တဲ့ပစ္စည်းလား ဆိုတဲ့ needs and wants ကို လျစ်လျှူရှုခဲ့ကြပါတယ်။

Marketing 1.0 မှာ လုပ်ငန်းရှင်တွေက ထုတ်ကုန်တွေကို အကောင်းဆုံးထုတ်လုပ်ရောင်းချတာဖြစ်လို့ Customers တိုင်းက ဒါကို ကြိုက်နှစ်သက်ပြီး ဝယ်ယူကြမယ်လို့ ယူဆခဲ့ကြပါတယ်။

စားသုံးသူတွေရဲ့ မတူညီတဲ့ အနေအထားတွေ၊ အတွေ့အကြုံတွေနဲ့ လိုအပ်ချက်တွေကို ထည့်ပြီးမစဉ်းစားခဲ့တာက အားနည်းချက်ကြီးဖြစ်ခဲ့ပါတယ်။

ခြုံပြီးတော့ပြောရမယ်ဆိုရင် Marketing 1.0 မှာ လုပ်ငန်းရှင်တွေက Products တွေကိုအရမ်းမှီခိုပြီး Customers တွေရဖို့လုပ်ခဲ့တယ်။ ဒီလိုမျိုး Customers တွေကို ဦးတည်ပြီး မစဉ်းစားခဲ့တာကပဲ နောက်ထပ် Marketing Strategies အသစ်တွေပေါ်ပေါက်လာရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။


#Marketing1.0
#BigWords

Big Words - Digital Marketing

23 Jan, 08:09


"အရောင်းတစ်ခုအောင်မြင်ဖို့ အထိရောက်ဆုံးချဉ်းကပ်နည်း(၆)မျိုး"

အရောင်းတစ်ခုဆိုတာ ဒီတိုင်းတန်းရောင်းလို့ အောင်မြင်ဖို့ခက်ခဲပါတယ်။ နည်းစနစ်တကျ ကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ထားမှသာ ပေါက်မြောက်ဖို့လမ်းစရှိနိုင်တာပါ။ ဒီနေ့မှာတော့ အရောင်းတစ်ခုအောင်မြင်ဖို့အတွက် အဖိုးတန်နည်းလမ်း(၆)မျိုးကို မျှဝေသွားမှာပဲဖြစ်ပါတယ်။

၁) Passion+Vision

လူတွေဟာ သင်ဘာရောင်းတာလဲဆိုတာထက် ဘာလို့ရောင်းတာလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းကိုပိုစိတ်ဝင်စားကြပါတယ်။စီးပွားရေးခေါင်းဆောင်မှုပိုင်းမှာထင်ရှားတဲ့ motivational speaker တစ်ဦးဖြစ်တဲ့Simon ရဲ့ ကမ္ဘာကျော် Golden Circle ) speech မှာလည်း "Why ဆိုတဲ့ အတွင်းဆုံးစည်းဟာ အရေးကြီးဆုံးဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ ဒီလို ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ပြင်းပြတဲ့စိတ်ဆန္ဒရယ်၊ ဘယ်လိုတန်ဖိုးတွေယူဆောင်ပြီး တမူထူးခြားစွာ ပေးမလဲဆိုတာကို audience သိအောင်လုပ်ပြီး ရောင်းတဲ့နည်းပါ။

J) Storytelling

လူတွေဟာ သာမန်အချက်အလက်တွေပြန့်ကြဲ နေတာထက် အချိတ်အဆက်မိမိနဲ့ ပုံပြင်ဇာတ်လမ်း ကိုပိုပြီးစိတ်ထဲစွဲမှတ်မိလွယ်ကြပါတယ်။ ဒီနေရာမှာတော့ တမင်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေမဟုတ်ဘဲ ကိုယ့်ဘဝအကြောင်းကိုပြောပြခြင်းနဲ့ ရင်ချင်းဆက်ဘဝတူ audience တွေရဲ့နှလုံးသားထဲကို အရောက်သွားရမှာပါ။ဥပမာ-ကိုယ့် audience က လူငယ်တွေဆိုရင် ကိုယ်လည်းတချိန်က သူတို့ကို ဘဝလမ်းစပျောက်ရင်း career တစ်ခုခုကို တစိုက်မတ်မတ်လိုက်ဖို့ဆုံးဖြတ်ရာကနေ ဒီလိုအခြေအနေရောက်ခဲ့တာဖြစ်ကြောင်း ကိုယ့်အကြောင်းကိုပြောပြလို့ရပါတယ်။

၃) Service+Value

Audience နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ free value အများကြီးကို ကိုယ့်ဘက်ကနေပေးနိုင်ရပါမယ်။ အဲဒီကနေ ကိုယ့်နဲ့ လက်တွဲဆက်ဆံရတာဟာ ဘယ်လိုခံစားရလဲ၊ဘယ်လိုအဆင်ပြေလဲဆိုတာ ခန့်မှန်းမိစေပါတယ်။ ဥပမာ- အင်္ဂလိပ်စာသင်တန်းတစ်ခု ဖွင့်ချင်တယ်ဆိုရင် grammar, pronunciation, vocabulary ooooň video 3lyup o audience တွေဆီကို knowledge အရင်မျှဝေပြီး ကိုယ့်ရဲ့ အရည်အချင်းကို ပြသလို့ရပါတယ်။

၄) Social Proof

လူတွေဟာ ပစ္စည်းတစ်ခုကောင်းမကောင်းသိချင်ရင် သုံးဖူးသူဆီက review တွေတောင်းလေ့ရှိကြပါတယ်။ အဲဒီလိုသာ ရိုးသားစစ်မှန်တဲ့ review သက်သေတွေ ကိုယ့်မှာရှိနေပြီဆိုရင် audience အသစ်တွေရဲ့ ယုံကြည်မှုကို ရရှိမှာဖြစ်ပါတယ်။

၅) Behind the Scenes

လူတိုင်းဟာပွင့်လင်းမြင်သာမှုကို သဘောကျကြပါတယ်။ audience ကို ကန့်လန့်ကာနောက်ကွယ်ကို ခေါ်ပြီး process+prove ကို ချပြရမှာဖြစ်ပါတယ်။ ဥပမာဆိုရင် အလှူမင်္ဂလာဆောင်တွေ အပြင်အဆင်ငှားတဲ့အဖွဲ့တစ်ခုဟာ သူတို့တော့ ဘယ်က

အလှူကိုသွားပြီးအလှဆင်ပေးပါတော့မယ်ဆိုတဲ့အ ေကြာင်းပြောပြီး soundbox

တွေ၊အလှတန်ဆာတွေကို ကားပေါ်တင်တဲ့ videoဟာ ကြည့်ရှုသူ တစ်သိန်းကျော်ပါတယ်။

၆) Problem+Solution

Salesတစ်ခုအောင်မြင်ဖို့ ပြဿနာကိုမြင်တတ်ရပါတယ်။ အဲဒီပြဿနာကို မြင်သာအောင်ချပြပြီး ကိုယ့်ရဲ့

productက ဘယ်လို ပြေလည်အောင်ဖြေရှင်းပေးနိုင်ကြောင်း ကြေညာရမှာပါ။ ဒီနေရာမှာ

ကိုယ့်ရဲ့ကရုဏာစိတ်ထားနဲ့ အကူအညီပေးလိုမှုကို ပေါ်လွင်ပါစေ။

ဖော်ပြခဲ့တဲ့နည်းလမ်း(၆)ခုဟာ အရောင်းတစ်ခုပြီးမြောက်ဖို့ချဉ်းကပ်ရာမှာ

အထောက်အကူပြုတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဒီထဲကမှ ဘယ်နည်းတွေကို ပိုကြိုက်လဲ၊ ကိုယ်က

ရောဘယ်နည်းတွေသုံးနေလဲဆိုတာ comment မှာပြောသွားပေးဦးနော်။

#Intern_လက်ရာ